နောက်တစ်နေ့ Jimin ကျောင်းဝင်းထဲဝင်ခဲ့တော့ Jungkook က အသင့်စောင့်နေခဲ့သည်။ သည်နေ့ Jimin ဝတ်လာခဲ့တာက ဝယ်ပေးထားခဲ့ဖူးသည့် အဝါရောင်ဝတ်စုံလေးပင်။Taehyung
Jungkook မျက်မှောက်ကြုတ်သွား၏။
" Jimin...ကိုယ်ဝယ်ပေးတဲ့ဝတ်စုံတွေ ဘာလို့ ဝတ်မလာခဲ့တာလဲ၊ ဒီဟာကရော ဘယ်သူဝယ်ပေးတာလဲ... Jimin နော် "
သူကပဲ ဒေါသမောတွေ ထွက်မလို့ပြင်လျှင် Jimin ကိုနူတ်ခမ်းကိုမဲ့လိုက်သည်။
" ခင်ဗျား တရားလွန်လာပြီနော် Jungkook ၊ ကျွန်တော်နဲ့ ခင်ဗျား ညာမှမဆိုင်သေးဘဲနဲ ဘာဖြစ်လို့ လက်ဆောင်ပစ္စည်းတွေ အများကြီးဝယ်ပေးရတာလဲ၊ ဘာလဲ...အဲ့ပစ္စည်းတွေနဲ့ ကျွန်တော့်ကို အလှုပ်နိုင်အောင် ချည်နှောင်မလို့လား "
Jungkook မျက်နှာကြည်သာလာပြီး ပခုံးတစ်ချက်တွန့်လိုက်သည်။
Jimin သူ့ကို ဘုကြည့်ကြည့်မိသည်။ ဘယ်လိုကြည့်ကြည့် သူဟာ မင်းသားတစ်ယောက်လို ချောမောလှသူပါ။ ဝတ်ပုံစားပုံကလည်း စမတ်ကျသည်။
သို့သော် Jimin ရင်ထဲမှာ သူ့အတွက်နေရာမရှိသလို ချောတာနှင့်ချစ်တာဟာ အချိုးမညီပါလား။
" ဘာလို့ မဆိုင်ရမှာလဲ၊ မင်းက ကိုယ့်ချစ်သူပဲ၊ ဘာလဲ... ခုထိ ဒီသဘောတရားကို လက်မခံနိုင်သေးဘုးလား၊ သဘောမပေါက်သေးတာလား၊ ဒီလောက် ဝေးတဲ့ကောင်လေးကို သဘော
ပေါက်သွားအောင် လက်ဆင်ပေးမှပဲ "" ခင်ဗျား "
" Jimin...ကိုယ်က Jiminတို့မိသားစုကို အဆင်ပြေအောင်၊ ပျော်ရွှင်အောင် တကယ့်စေတနာသန့်သန့်နဲ့ လက်ဆောင်ပေးတာပါ၊ ကိုယ့်တွက် ဒါ ဘာမှအပန်းမကြီးပါဘူးကွာ "
"ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ကြားမှာ ဒီလက်ဆောင်ကိစ္စကရှုပ်နေတော့မှာပဲ၊ တကယ်လို့များ ကျွန်တော်တို့ပျက်သွားကျရင် ခင်ဗျားပဲ နစ်နာမှာပေါ့ "
သူက Jimin လက်တစ်ဖက်ကို ယုယစွာ လှမ်းပြီးဆုပ်ကိုင်ရင်းပေါ့ပါးစွာ ရယ်လိုက်သည်။
" ဘာလို့ပျက်ရမာလဲ၊ Jimin က ကိုယ့်ကိုလက်မထပ်ဘူးလား၊ ကိုယ်ဘက်ကတော့ ရာခိုင်နှုန်းပြည့်သေချာတယ်"
YOU ARE READING
" ကောင်းကင် ကြယ်တံခွန် "
FanfictionUnicode "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့် ဘဝရဲ့အလင်းရောင်လေးးပါဘဲ " Zawgi "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့်...