🖤3🖤

1.1K 135 6
                                    

Unicode

"ဟာနာ..ငယ်လေး ပြန်လာမှာကို ကြိုပြောထားရောပေါ့"

"ဟီး Supriseဖြစ်သွားအောင်လို့"

"မမက လာမကြိုရလို့စိတ်မကောင်းဖြစ်နေတာ"

"ရပါတယ်မမ ရယ် ၊ဟာနာလည်း မမကိုတွေ့ချင်လွန်းလို့အပြေးလာခဲ့တာ အိမ်ကိုတောင်မဝင်ရသေးဘူး"

ဩစတေးလျီးယား ကို ဆေးကျောင်းသွားတက်တဲ့ မင်ဟာအွန်းရဲ့ ညီမအရင်းလေး မင်ဟာနာ က အခုဆို ဘွဲ့ရပြီးအိမ်ပြန်လာခဲ့သည်။  မင်ဟာနာက ဟာအွန်းနဲ့ မိနစ်ပိုင်းမျှကွာပီး မွေးခဲ့တဲ့ အမြွာဖြစ်တာကြောင့် ရုပ်ချင်းတအား ဆင်တူလွန်းသည်။

သေချာပါတယ် အိမ်ကမိဘ‌တွေကတော့ ငယ်လေးကို ဝမ်းပန်းတသာကြိုဆိုကြတော့မှာ၊မင်ဟာအွန်းက‌ေတာ့ ငယ်စဉ်ကစာကြိုးစားခဲ့ပေမဲ့လဲ အခုအချိန်မှာတော့
ယောင်္ကျားတစ်ယောက်သာ အဖက်တင်သည်။

မိဘသဘောမတူတဲ့သူ ကိုယူခဲ့တဲ့ အတွက်မိဘ‌ေတွကသူမကိုလုံးဝ အဆက်ဖြတ်ခဲ့တယ် ။ဟာနာကတော့ အမဖြစ်သူအခြေအနေတွေအားလုံးကိုအမြဲနားလည်ပေးပီး လက်ခံပေးသူမို့
ဟာအွန်းမှာ ဖြေသာစရာလူရှိသေးသည်။

"ဖေဖေ နဲ့ မေမေ့ ကို မမကိုယ်စားဂရုစိုက်ပေးပါအုံးနော်"

"ဟုတ် မမ ဒါနဲ့ ခဲအို နဲ့‌ေရာအဆင်ပြေရဲ့လား ခုထိရောသူအရင်ကလိုဘဲလား"

"အွန်း"

"ညနေတောင်စောင်းတော့မယ် ငယ်လေး၊ဂျောင်ကုကိုတော့နောက်မှတွေ့တော့ မေမေတို့မျှော်နေတော့မယ်"

"အဲ့တာဆို ဟာနာပြန်တော့တယ်မမ အစစအရာရာဂရုစိုက်နော်"

"ဟုတ်ပါပီရှင့် အိမ်ကဒါရိုက်ဘာကြီးကို လိုက်ပို့ခိုင်းလိုက်နော် ငယ်လေး"

"ဟုတ်မမ တာတ့ာ"

မမဟာအွန်းရဲ့ Driver ကိုအကူအညီတောင်းပီး အိမ်ပြန်ဖို့ကားပေါ်အတက်မှာ ခြံဝမှာ လူတစ်ယောက်ကို ရိပ်ခနဲမြင်လိုက်တယ်။အနက်ရောင်ဦးထုပ်နဲ့လူတစ်ယောက် ဒါပေမဲ့ လမ်းသွားလမ်းလာလဲ ဖြစ်နိုင်တာပဲမို့ စိတ်ထဲမထားဘဲ ကားပေါ်တက်ခါ အိမ်ဘဲပြန်လိုက်တော့တယ်။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now