🖤20🖤

1K 111 30
                                    

Unicode

"CEOနာမည်နဲ့ စာတစ်စောင်ပါ"

"ဘယ်ကပို့တာလဲ"

"လိပ်စာမပါဘူးဗျ ကျွန်တော်ရုံးရောက်တာနဲ့ စားပွဲပေါ်မှာ တင်ထားတာကိုတွေ့တာ"

"ထားခဲ့လိုက်"

"ဟုတ်ကဲ့"

အတွင်းရေးမှူးဟိုယန်း ထွက်သွားတာနဲ့ စာအိတ်ဖြူကိုဖွင့်ဖောက်ကာ အထဲက လက်ရေးနဲ့မဟုတ်ဘဲ ကွန်ပျူတာစာစီထားတာမို့ ပေးသူဟာ ဘယ်သူဘယ်ဝါရဲ့ လက်ရေးမှန်းမသိစေလိုဘူးထင့်ပါ့။

ဂျောင်သည် ဒီလို email ဘာညာစသည်ဖြင့်ပို့လို့ရ‌နေတဲ့ ခေတ်ကြီးမှာ စာတစ်စောင်ကြောင့် ပို့သူရဲ့အတွေးကို လှောင်ရယ်ပြုမိသည်။ထို့‌ေနာက်
အထဲကစာတွေ ဘာဖြစ်နေမလဲဆိုတာကို ဖတ်ကြည့်ရင်း ပြက်ရယ်ပြုနေသောမျက်နှာသည် တဖြည်းဖြည်းပြိုတော့မယ့် မိုးလိုမဲမှောင်သွားခဲ့သည်။

"မင်းသိဖို့လိုနေတာကို သတိပေးလိုက်တယ်။

ဟာအွန်းကလေ မင်းအကြိမ်ကြိမ်မှားတိုင်း
ခွင့်လွှတ်ပေးခဲ့တယ်။

သူလဲလူထဲကလူပါကွာ မနာကျင်တတ်၊မခံစားတတ်ဘဲတော့ ဘယ်နေပါ့မလဲ။
ဒါဆိုသူဘာလို့ ခွင့်လွှတ်ပေးနိုင်လဲ မင်းကို
အဆုံးအရှုံးမခံနိုင်အောင်သူချစ်လို့ပေါ့။

မင်းလုပ်ရပ်တွေကို စိတ်နာရင် နာနေလိမ့်ပေမဲ့ သူမင်းကို သိပ်ချစ်တာပါကွာ။
အဲ့တာကိုမင်းက အလွဲသုံးစားလုပ်ပြီး သူ့ကိုထပ်စိတ်ပျက်စေခဲ့ရင်တော့ မင်းဘာသာ
သေသေရှင်ရှင် သူမင်းကိုထားသွားလိမ့်မယ်။

သိပ်ချစ်တတ်တဲ့သူတွေက သိပ်ပြက်သားနိုင်တယ်။

မင်းလုပ်ရပ်တွေကိုသူ သီးမခံနိုင်တော့တဲ့ တစ်နေ့ ၊မင်းမသတိမထားခင်မှာဘဲ မင်းဘဝထဲက သူထွက်သွားလိမ့်မယ်။မရှိတော့မှ ပြန်မတမ်းတနဲ့ သူဘယ်တော့မှပြန်လာမှာမဟုတ်ဘူး။"

စာဆုံးသည်နှင့် ဂျောင်သည် တွေတွေလေးငိုင်ကြသွားကာ မျက်ရည်လေးတွေဝိုင်းလာတာကြောင့် ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။
ဂျောင့်ကို အလင်းပေးသော စာတစ်စောင်ပေမဲ့ သူ့အတွက် ချိန်းခြောက်စာတစ်စောင်လို
သူကြောက်သောအရာအား ပိုမိုခြောက်လှန့်လိုက်တာမို့ အကြင်သူသည် အိမ်ပြန်ချိန်မတန်သေးဘဲ သူမဖြစ်မနေပြန်ကိုပြန်ရမဲ့ အိမ်လေးဆီကို တချိုးထဲပြေးတော့သည်။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now