🖤25🖤

834 105 27
                                    

Unicode

ပြောခဲ့သားဘဲ ဂျွန်ဂျောင်ဂုနဲ့ ပတ်သက်ပြီး
ဒီအိမ်ပေါ်အရောက်ပြန်လာခဲ့ပါမယ်လို့။
အိမ်ကြီးရဲ့ အောက်ထပ်ခန်းမှာနေဖို့ပြင်ဆင်
ပေးကြတယ်..တစ်အိမ်လုံး နဲ့ ဆိုမီတစ်ယောက်ပေမဲ့ ဂျွန်ဟာအွန်း ရဲ့အလေးပေး
ခံထားရလို့ ဘာမှတော့မပြောရဲကြဘူး။

ချစ်မိသွားတော့ဘာတတ်နိုင်မလဲ ကြံမိကြံရာ
လုပ်မိလို့ မှားသွားရင်လဲနောင်တမရဘူး။
အကို သူ့ကိုမချစ်မှန်းသိတယ် ဒီအိမ်မှာသူရှိနေတယ်လို့တောင် သဘောမထားခဲ့ရင်တောင်မှ ကလေးကိုတော့ ချစ်လာမှာပါ။

"ဆိုမီရှီး..အိမ်တော်ထိန်း ပြောပြထားသင့်တာလေးတွေပြောပြပါရစေ"

"အင်းပြော"

"ဆိုမီ အနေနဲ့ အိမ်ပေါ်ထပ်ကိုသွားလို့မရပါဘူး..နောက်ပြီး ခြံဝန်းထဲက မမလေးရဲ့
အိမ်ဖြူလေးကိုလဲ သွားလို့မရပါဘူး အဲ့တာတွေကလွဲရင် လွတ်လွတ်လပ်လပ် စားနိုင်၊သောက်နိုင်ပါတယ် ဒါပေမဲ့ အိမ်အပြင်မသွားရပါဘူး"

"အဒေါ်ကြီး..ကျွန်မကဒီအိမ်ရဲ့ ဘာလဲ"

"မမလေးရဲ့ ဧည့်သည်လို့သိထားပါတယ်"

"ဘယ်လို!"

"ဟုတ်ကဲ့ မကြာခင် အိမ်ကို အကိုလေး မိဘတွေရောက်လာနိုင်တာမို့ ကြိုအသိပေးခဲ့ပါတယ် လိုရင်ခေါ်လိုက်ပါ"

အကို့ တစ်မျက်နှာထဲကိုဘဲ သိလို့ အိမ်ပေါ်ရောက်လာတာဘဲ ရှိတယ် ၊သူ့တို့ အသိုင်းအဝိုင်းက ဘာတွေဘယ်လိုဆိုတာမသိဘူး။ဆိုမီ့မှာ ဆုံးမပေးမဲ့မိဘမရှိဘူး တစ်သက်လုံး ကိုယ်ထင်ရာကိုယ်လုပ်ခဲ့ပြီးမှ
ဖြစ်လာသမျှကိုရင်ဆိုင်ရမှာဘဲ။

"ဟာအွန်း နဲ့ တွေ့လို့ရမလား"

"မမလေး ပန်းချီဆွဲနေလောက်တယ်"

အခန်းပြင်ထွက်ပြီး လိုက်ရှာကြည့်တော့ ခြံဝန်းထဲက မြက်ခင်းတွေပေါ်ထိုင်ပြီး စားပွဲခုံ‌ လေးပေါ်မှာ ဆေးရောင်တွေရေးခြစ်နေသူအား ထီးလေးမိုးထားပေးသောအကို။အဲ့ဒီလောက်တောင်ချစ်တာလား။

"အစ်ကို..အလုပ်မသွားဘူးလား"

မရဲတရဲနဲ့ မေးလိုက်သည်။သို့သော် အဖြေပြန်မရလာပါ။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now