🖤26🖤

1.1K 118 57
                                    

Unicode

"ဆိုမီ ရဲ့လူနာရှင်က.."

"ဟုတ် ကျွန်မပါ"

"ဟိုလေ..ပြောရမှာ အားနာပေမဲ့ ကလေးကမရှင်နိုင်လောက်ဘူး"

"ရှင်.."

"ဟုတ်တယ် လူနာရဲ့ သားအိမ် က ကိုယ်ဝန်‌ဆောင် ဖို့ပြဿနာရှိနေတယ် လစေ့အထိနေနိုင်ခဲ့ရင်တောင် မွေးလာရင်လက်လွှတ်ရလိမ့်မယ်"

"နည်းလမ်းမရှိတော့ဘူးလား ဆရာမရယ်.."

"မွေးရာပါဆိုတော့ ကုဖို့မလွယ်ဘူးရှင့် တောင်းပန်ပါတယ်"

စမ်းသပ်ခန်းအတွင်းက ဆိုမီ မကြား၍
တော်သေးသည်။ကလေးက ဝမ်းတွင်းမှာတင်
အသက်မရှင်နိုင်ဘူးလို့ ဆရာဝန်တွေ ပြောလဲ
ဟာအွန်းကတော့ လက်လျှော့လိမ့်မည်မဟုတ်။ဒီကလေး ကိုသံယောဇဉ်၊ ချစ်ခြင်း၊
မုန်းခြင်း တွေမရှိပေမဲ့ ကလေးသည် အပြစ်မရှိဘဲ မိဘများခေါ်ဆောင်ရာကိုသာ လာခဲ့ရသောကြောင့် ဟာအွန်း ကာကွယ်ပေးရမည်။

"ဆိုမီ..ဒီ အားဆေးတွေကို မှန်မှန်သောက်၊
အားရှိအောင်လဲစားရမယ်နော်"

"ဟုတ်ကဲ့ မမကြီး"

"ကိုယ်လက်လှုပ်ရှားရော အစစအရာရာဂရုစိုက်ပါ ရော့..ဒီမှာ ငါ့ဘဏ်ကဒ် ယူထားလိုက် လိုသလောက်သုံး"

"မမကြီး..ဘာလို့ အခုလိုတွေလုပ်ပေးနေရတာလဲ ဆိုမီ..နားမလည်တော့ဘူး"

မျက်ရည်တွေဝဲနေပြီဖြစ်သော ဆိုမီ အား ပွေ့ဖက်၍ နှစ်သိမ့်‌ပေးခဲ့သည်။
အခိုက်အတန့်တစ်ခုချင်းဆီကို မှတ်ဉာဏ်တွေထဲသေချာမှတ်သားထုတ်ပိုးပြီး နောက်ပြန်မချစ်မိအောင် မှတ်တမ်းတင်ထားခဲ့မှာပါ။

"ဂျောင့် ကိုဂရုစိုက်ပေးဖို့ တောင်းဆိုပါတယ်
ဆိုမီ..ငါစိတ်ချမယ်နော်"

"ဘယ်သွားမလို့လဲ"

"ငါ့ကို ကြိုဆိုနေမယ့်နေရာဆီ"

ချောင်းချာ အခန်းတွင်းအထိ လိုက်ပို့ပေးခဲ့ပြီး ထွက်သွားသည် နှင့် လော့ခ်ချလိုက်ကာ ရေချိုးဖို့ပြင်သည်။
ကြိုက်နှစ်သက်ရာ အဝတ်အစားများထဲမှ
အကြင်သူဝယ်ပေးထားသော ပန်းနုရောင်ပိုးသား ဂါဝန်ကို အားကုန်သုံး၍ ဝတ်ဆင်လိုက်သည်။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now