🖤6🖤

941 116 16
                                    

Unicode

မနက်က အယ်လီယာ နဲ့ ကျောင်းနောက်ဖေးမှာချိန်းတွေ့နေကြတုန်း ကောင်မလေးတစ်ယောက်က ကြောင်တောင်တောင်လေးနဲ့ ပြူးကြည့်နေတာကြောင့် ပြန်ကြည့်ပေးလိုက်တော့ လှစ်ခနဲပြေးသွားတော့တာဘဲ
‌ကျောင်းသူသစ်လေးထင်ပါရဲ့

"အယ်လီယာ ကိုယ်တို့နောက်မှတွေ့ကြရအောင်"

"ဟေး ဂျွန် နေပါအုံး"

နောက်ကလူဘယ်လိုကျန်ခဲ့လဲ စိတ်မဝင်စားတော့ဘဲပြေးထွက်သွားတဲ့ကောင်မလေးနောက်ကို တိတ်တစိတ်လိုက်သွားကြည့်တော့ ရှက်ပြာပြာနဲ့ ရှေ့ကလူကိုဝင်တိုက်ပါလေရော ဝင်ကူပေးဖို့လုပ်အုံးမလို့ပေမဲ့ သူမသူငယ်ချင်းဆိုတော့ အသာနောက်ဆုတ်နေလိုက်သည်
ထပ်သိလိုက်ရတာက A-6က ဂျူနီယာလေးဖြစ်သလို နာမည်က ဟာအွန်းတဲ့။

"မင်းကို စိတ်ဝင်စားတယ် ဟာအွန်း"

နေ့လည်ရောက်တော့ ကန်တင်းမှာ သူငယ်ချင်းတွေနဲ့အတူတူမုန့်ထိုင်စားနေတဲ့သူမ ၊ဘေးမှာ မျက်မှန်ဝိုင်းနဲ့ကောင်လေး ရယ် သူမနဲ့ ချွတ်စွတ်တူတဲ့ မိန်းကလေးရယ်ထိုင်နေတာကြောင့် လုရှင်းအောင်ခနစောင့်ကာ နာမည်မေးရင်း ဝင်ရောလိုက်မိပါတယ် ရှက်နေလိုက်တာများ ခဏအကြာမှာ
ထယ်ယောင်းကစလိုက်တော့ ကန်တင်းအပြင်ကိုချက်ချင်းပြေးထွက်သွားတာကြောင့် ကိုယ့်ကိုကိုယ်တောင် မသိလိုက်ဘဲ သူမနောက် အပြေးလိုက်သွားမိတယ်။

ဘယ်ကိုပြေးသလဲမှတ်တယ် ကျောင်းရဲ့ခေါင်မိုးထက်မှာ သွားထိုင်နေတာဘဲ

"ဟာအွန်းရှီးး"

"မနက်ကလူ အာ..စီနီယာ"

"ထိုင်မယ်နော်"

"ဟုတ်ကဲ့"

"ထယ်ယောင်းစလိုက်လို့လား"

"ရှင်"

"မျက်ရည်ဝဲနေလို့လေ"

"ထယ်ထယ်က အစသန်တယ် ဘာမှန်းလဲမသိဘူး သူများကိုဆိုငိုအောင်လုပ်တယ်"

"..."

"စီနီယာကို ဘာတွေပြောမိပါလိမ့် အားနာစရာ"

"မဟုတ်တာ ကျွန်တော်က ဒီတိုင်းချစ်ဖို့ကောင်းလို့ ကြည့်နေတာ"

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now