🖤15🖤

848 100 10
                                    

Unicode

မင်္ဂလာပွဲနေ့မရောက်ခင် နှစ်ရက်အလို...
.
.
.

ဟာနာရဲ့ကောင်းမှုနဲ့ ဂျောင်ကုတို့ ပန်းခြံဟောင်းကြီးတစ်ခုက ခုံတန်းပေါ်မှာရှိနေကြသည်။

"ဂျောင်..Eun တို့ဒီလောက်နဲ့ဘဲလမ်းခွဲကြတာပေါ့"

"လုံးဝ လမ်းခွဲမပေးနိုင်ဘူးနော် ပြောတော့ ဂျောင့်ကိုချစ်တယ် ဆိုဘာလို့ဒီစကားပြောရတာလဲ"

မာတယ်ဆိုရုံလောက် လေသံ‌ဖြင့် တုန်လှုပ်ခြင်းတို့စိုးဆင်းမျှမပါသော ကိုယ်နေဟန်ထားနဲ့အတူ ပြဿနာကိုခေါင်းအေးအေးနဲ့ ဖြေရှင်းမယ့်ပုံစံမို့လို့ ဟာအွန်း စကားတို့ဆက်သည်။

"မိသားစု နဲ့ ဂျောင့်ကို ရွေးရတဲ့အခါကျ ကျိန်းသေ မိသားစုဖြစ်ခဲ့ရုံပါ"

ဒီစကားတွေကို ဘယ်လိုစိတ်နဲ့ပြောနေရလည်း သူမသိလောက်ပေမဲ့ နှလုံးသားတစ်ခုလုံး နှာကျင်မှုကိုအံတုပြီး ချစ်လျက်နဲ့ လမ်းခွဲစကားပြောနေရတဲ့အဖြစ်မျိုး။

မျက်လုံးချင်းဆုံအောင်တောင် မကြည့်ရဲခဲ့ဘူး ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာမို့လို့ အဲ့ဒီမျက်ဝန်းလေးတွေကိုမြင်တာနဲ့ စိတ်ပိုင်းဖြတ်ထားခဲ့တာ‌ေတွက အားလုံးယိုင်နှဲ့သွားမှာ...

"ဘာကြောင့်ကိုယ့်ကို လမ်းခွဲမှာလဲ"

"မနက်ဖြန်၊ သဘက်ခါဆိုရင် Eunက အိမ်ထောင်ပြုရတော့မှာ အဲ့အတွက် အခုထဲက ဂျောင်နဲ့ အဆက်ဖြတ်ဖို့လိုတယ်"

"အဲ့တာကြောင့် လမ်းခွဲမှာလား"

"သေချာတာပေါ့"

"Eunက ဆက်ဆံရေးတစ်ခုကိုဘဲပြတ်ဆဲချင်တာပါ၊ ကိုယ်ပြောရဲတယ် မင်းကိုယ့်ကိုချစ်နေတုန်းဘဲ"

"ဒါဘယ်လိုမှရှေ့ဆက်လို့မရတဲ့အခြေအနေပါ ဂျောင်..ချစ်နေသေးရင်တောင် ဒီမှာတင်တစ်ခန်းရပ်ပစ်လိုက်ဖို့ ကြိုတွေးပီးသားပါ"

"အဲ့တာတွေအသာထားပြီး အခုကိုယ့်မျက်လုံးကိုတည့်တည့်ကြည့်ပီးသာ ဖြစ်ချင်ဝာာပြောလိုက် ကိုယ်က ရအောင်လုပ်ပေးမှာ"

"အဟင့် ဂျောင်"

လမ်းခွဲဖို့ ခိုင်လုံတဲ့အကြောင်းပြချက်တွေ ဘယ်လိုဘဲရှိရှိ ဒီကောင်ကြီးကြားချင်နေတာအဲ့ဝာာ‌ေတွမဟုတ်ဘူး ဖြေရှင်းချက်တွေလဲမလိုဘူး။ဒီစကားတွေက အချိန်တစ်ခုရောက်ရင် ပြောလာတော့မှာမှန်း ဗေဒင်ဆရာ မလိုအောင် သိထားပီးသား။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now