🖤19🖤

1K 112 48
                                    

Unicode

ကောင်းကင်ပေါ်မှာဖြစ်တည်နေတဲ့ တိမ်မဲလိတ်တွေကြားက နေမင်း၏အလင်း‌ေရာင်သည်ထိုးဖောက်နိုင်ခြင်းမရှိပေ။ဤကာလကားမိုးဥတု၏အစဖြစ်သည်။

"ဂျောင် ဟန်းဖုန်းလေးဝယ်ပေးပါလား"

"ဘာအတွက်လဲ"

ရုံးသွားရန်ပြင်ဆင်နေသောသူသည် မှန်ရှေ့၌
သေသပ်ကျနစွာ ဖီးလိမ်းချယ်သနေရင်း ပြန်ဖြေသည်။

"ဟို..ဂျောင့်ကိုရော ဟာနာ့ကိုရော ဖုန်းဆက်ချင်တယ် နောက်ပြီး social mediaလေးရော သုံးချင်လို့"

"အိမ်မှာအထိုင်ဖုန်းရှိနေတာဘဲ၊လိုင်းပေါ်ကလူတွေကလဲ ရှုတ်ရှုတ်ရှပ်ရှပ်တွေပါကွာ"

ဝယ်မပေးဘူး ဆိုတဲ့သဘောကိုဆောင်တာကြောင့် ဟာအွန်းဘာမှဆက်မပြောလိုတော့ပါ။ခေတ်ရေစီးကြောင်းအရ အသက်ကြီးကြိးငယ်ငယ် လူတကာ internetမှာ ကျင်လည်နေချိန် ကိုယ်ကတော့မသုံးနိုင်တာမဟုတ်ဘဲ
မသုံးရတဲ့အဖြစ်။ဒါကိုလဲဗွေမယူပါဘူး ဝယ်မပေးတာလဲ သူ့အကြောင်းနဲ့သူရှိမှာပါလေ။

"ဟာနာနဲ့တွေ့ချင်လား အိမ်ခေါ်ပေးမယ်လေ"

"မေမေတို့ အဆင်ပြေနေလား သိချင်လို့"

"သူတို့အဆင်ပြေပါတယ် ကိုယ်အကြွေးတွေဆပ်ပေးလိုက်ကတည်းက ဆေးရုံလဲကောင်းကောင်းလည်ပတ်နေတာ မင်းအမြင်ဘဲလေ"

"အင်းပါ နေကောင်းကျန်းမာကြရင် ပြီးတာပါဘဲ"

မျက်နှာလေးညှိုးသွားပုံက ဂျောင့် စိတ်ကိုပျော့သွားစေနိုင်ပေမဲ့ ဒါတော့အလိုမလိုက်နိုင်ဘူး။ဒီအိမ်၊ဒီခြံဝန်းထဲမှာ ဘာမှလိုလေသေးမရှိအောင်ထားပေးပြီး
ချောင်းချာဆိုတဲ့ အနီးကပ်ပြုစုဖို့လူ
တစ်ယောက်နဲ့ဘဲ သူမကို
နှစ်တွေ လတွေဖြတ်သန်းစေခဲ့တယ်။

ဂျောင် ဘာလို့အခုလိုတွေချုပ်ချယ်သလဲ?
အဖြေကတော့ လုယူခံရမှာစိုးရိမ်နေလို့။
အတိတ်က အရိပ်တွေ သူ့နောက်ပြန်လိုက်နေပီ..တစ်ချိန်က လက်ထပ်တော့မဲ့ဆဲဆဲ မိန်းကလေးတစ်ယောက်ကို ကြားဖြတ်ယူခဲ့မိတယ်မို့လား ။အဲ့ဒီလိုမျိုး သူ့ဆီက ပြန်လုသွားကြမှာကို ကြောက်တဲ့အတွက် လောကကြီးနဲ့ သူမကို အဆက်ဖြတ်ခဲ့ပြီး လှောင်အိမ်လှလှလေးထဲ ချုပ်ထားမိတာပေါ့။
ဂျောင့်မှာ ဒီချို့ယွင်းချက်လေးဘဲရှိတာပါ။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now