🖤 Extra🖤

1.5K 116 50
                                    

Unicode

J & Y ရဲ့ CEOနေရာ.. လစ်လပ်နေခဲ့သည်မှာ
တစ်ပတ်ကျော်မျှရှိပြီ။
ကုမ္ပဏီရဲ့ ကိစ္စအဝဝကို ဥက္ကဠ ဂျွန်ဆုအီ နဲ့
အတွင်းရေးမှူးဟိုယန်း တို့ကသာ ဆက်လက်တာဝန်ယူထိန်းသိမ်းပေးထားရသည်။

ဒီအတောအတွင်း နှင်းဆီစံအိမ်ကြီးထဲ ဘာတွေဖြစ်ပျက်နေခဲ့သလဲ။

"သွား..ငါ့အနားကိုမလာနဲ့"

"အကို..အစားစားဖို့လိုတယ် မဟုတ်ရင် လှဲသွားတော့မှာ"

"သေလဲအေးတာဘဲ သေပါစေ"

"မရဘူး ဆိုမီ့ကို မမကြီးကမှာခဲ့တယ်"

"ဟင်..Eun ကဘာမှာခဲ့တာလဲ"

"အကို့ကို သေချာဂရုစိုက်ပြီး ထမင်းပုံမှန်ကျွေးပါတဲ့ အဲ့တာကြောင့် စားရမယ်နော်"

"ဟုတ်လား ‌ပေး..ပေး"

ထမင်း၊ဟင်း စုံလင်အောင်ထည့်ထားသော ဗန်းအား ဂျောင်ဂု ဆွဲယူကာ..အားပါးတရစားနေခြင်းသည် ဒီရက်တွေထဲမရှိသလောက်မြင်ကွင်းမျိုး။
ဆိုမီမှာလည်း အကို့အားကြည့်၍ မျက်ရည်
မကျရသောနေ့မရှိ။
စိတ်အခြေအနေတွေ တစ်နေ့တစ်ခြားပိုဆိုးလာကာ အခန်းထဲတွင်သာ သူ့ကိုယ်သူ ပိတ်လှောင်ထား၍နေသည်။

"အကို..ဆိုမီ အပြင်သွားအုံးမယ်နော်"

ခေါင်းညိမ့်ပြကာ သူ့ထမင်းသူဆက်စားရင်း..
တစ်လောကလုံးမှာ သူတစ်ယောက်ဘဲရှိသလိုနေကျန်ခဲ့သည်။

အကို့ ကျန်းမာရေးအတွက်လိုအပ်တာတွေလုပ်ကိုင်ပေးဖို့ ကြံရွယ်ထားပေမဲ့ ဘယ်ကဘယ်လိုစရမှန်းမသိ။
ဒီအိမ်ကြီးမှာ အကို့အကြောင်း ကောင်းကောင်းသိသူသည်
တစ်ယောက်ထဲ။

ဆိုမီ သည် အကို့အမေ့နှင့်လဲ မရင်းနှီး။
ဟာအွန်း ညီမကိုလဲ မသိ။
အိမ်တော်ထိန်းကလည်း ဘာမှသေချာ‌မေး
မရ ၍ဘယ်သူ့ကို အကူအညီတောင်းရမှန်းလဲမသိ ဖြစ်နေသည်။

"ဒီမယ်.. ကလေးမ!"

"ရှင်"

ခြံထဲသို့ဝင်လာ‌ေသာ ကားနက်များထဲမှ အရပ်မြင့်မြင့်
ထောင်ထောင် မောင်းမောင်းနှင့်
လူအား Bodyguards များ ဝန်းရံလျက်
အိမ်ထဲသို့ ဝင်လာသူကြောင့် ဆိုမီ ရင်ထဲထိတ်ကနဲ။

You've reached the end of published parts.

⏰ Last updated: Jul 05, 2022 ⏰

Add this story to your Library to get notified about new parts!

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now