🖤22🖤

990 98 36
                                    

Unicode

"‌ဂျောင့်..ကိုလေ တစ်ခါလေးမှမမုန်းမိဘူး
အရင်ကရော အခုရော.."

"ကိုယ်က မုန်းရက်စရာမကောင်းခဲ့ဘူးမို့လား"

"ဟုတ်တာပေါ့ သိပ်ကိုပိုင်နိုင်လွန်းခဲ့ပါတယ်
ဒါပေမဲ့ တရားပါ့မလား အကြိမ်ကြိမ်ဖောက်ပြန်ဖူးတဲ့ ယောင်္ကျားတစ်ယောက်က
သူ့ရဲ့ဇနီးကိုကျတော့ အရိပ်တစ်ခုလိုချုပ်နှောင်ထားတာလေ"

"မင်းလွန်ဆန်နိုင်လို့လား.. ဂျွန်ဟာအွန်းကို ဘယ်သူပိုင်တာမို့လို့လဲ.. ကိုယ့်အပိုင်လေးရဲ့"

"အင်း..လောင်းရိပ်မိနေတာ ၁၈နှစ်အရွယ်ကတည်းကဆိုတော့လဲ လွန်ဆန်နိုင်ဖို့ အားတွေဘယ်ရှိပါ့မလဲ"

"လိမ္မာလိုက်တာ ကိုယ်ကချစ်လို့ပါ တခြားနာကျင်စေဖို့မရည်ရွယ်ပါဘူး"

ဆံနွယ်ရှည်တွေကို ပွတ်သက်ပြီးချော့မြူနေခဲ့တယ်။ဒီနေ့က ဘာနေ့မို့လို့ အခြေအတင်တွေဖြစ်နေကြတာလဲဆိုရင်တော့..
ဟာအွန်း ရဲ့ အဖေ ကျန်းမာရေးအခြေအနေသိပ်မကောင်းလို့ မိဘအိမ်ကိုသွားချင်လို့ ခွင့်တောင်းနေရင်းပေါ့။
ထုံးစံတွေအတိုင်း ဂျောင်..ခွင့်မပြုခဲ့ဘူးလေ။

သမီးအလိမ္မာလေးရထားလို့ ရထားမှန်းမသိဘဲ.. သားသမီးအဖြစ်ကနေ စွန့်လွှတ်ထားတဲ့
ယောက္ခတို့အိမ်ကို အိမ်သူလေးကို လွှတ်လိုက်ဖို့ဆိုတာ နှစ်ခါပြန်စဉ်းစားပြီး ငြင်းစရာကိုမလိုတာ။

အဲ့ဒီအိမ်ကနေ အကြင်သူလေးကို ဆွဲထုတ်ခဲ့တဲ့နေ့ကစပြီး ‌ဂျွန်မျိုးရိုးပြောင်းပစ်လိုက်ထဲက ဂျွန်ဟာအွန်းက သူတစ်ယောက်ထဲအပိုင်ဖြစ်သည်။သူ့မှာဆွေမျိုးမရှိဘူး..မင်ဟာနာ
က သွေးသားရင်းမို့ ဂျောင် လွှတ်ထားပေးတာ..အတိတ်ကကျေးဇူးတရားတွေကို ထောက်ထားနေလို့။

ဂျောင်က အိမ်သူလေးကို သူ့ရဲ့ထိန်းချုပ်မှုအောက်မှာဆိုရင် လုံခြုံလိမ့်မည်လို့ တထစ်ချယုံကြည်ထားသည်။

"ကိုယ်တို့ ခရီးထွက်ကြမလား
အပန်းဖြေခရီးလေ.."

"ဘယ်လိုပြောရက်တာလဲ..ကျွန်မအဖေ တစ်ယောက်လုံး နေမကောင်းလို့ပူပန်နေတာကို
အပန်းဖြေခရီး..ဟုတ်လား"

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now