🖤24🖤

944 96 45
                                    

Unicode

နှစ်လခန့်အကြာ...

"မိုးကုန်ဖို့ သိပ်တောင်မလိုတော့ဘူး..ဂျောင်ရယ် ဒီနှစ်လဲ မိုးနဲ့မဆော့လိုက်ရဘူး"

"ကလေးလေးလား.."

"မဟုတ်ဘူးလေ Eunက မိုးကိုချစ်တယ်
ဒါကြောင့် သူတို့နဲ့ ထိတွေ့ချင်တာ"

"မိုးစက်တွေကို မနာလိုမဖြစ်ရတော့ဘူးဘဲ..
ကောင်းတယ်"

"အကျင့်ပုတ်"

"မနက်စာကို ကိုယ်တိုင်လုပ်ပေးမယ်
သွားရအောင်"

"နေရာတကာ ချီမနေနဲ့လေ"

"ဒါဆို ဓာတ်လှေကား တပ်ပေးမယ်"

"တော်ပါပီ မလိုပါဘူး"

"မရဘူး တပ်ပေးဖို့စဥ်းစားထားတာကြာပီ
မနက်ဖြန်လူခေါ်ပြီး လုပ်သင့်တာလုပ်ရမယ်"

"မပြော‌တော့ဘူး သဘော.."

"ဒီလိုမှပေါ့.."

မနက်ခင်းသည် သာသာယာယာဘဲ..
ခြံလေးထဲက သီးသန့်နေရာလေးမှာ
စတော်ဘယ်ရီယို သုတ်ထားတဲ့ ပေါင်မုန့်ချပ်တွေရယ်၊Hot Chocolateတစ်ခွက်ရယ်ကို
အကြင်သူ ကိုယ်တိုင်ဖျော်စပ် လုပ်ကိုင်ပေးတော့ စားဖူးသမျှမနက်စာတွေထဲမှာ အကောင်းတကာ့ အကောင်းဆုံး။

ပန်းခြံလိုနေရာအသေးစားကို သူမဖို့ဆိုပြီး သီးသန့် အဖြူရောင်အမိုးလေးနဲ့ စားပွဲ၊ထိုင်ခုံ တို့ပတ်လည်မှာ နှင်းဆီပန်းတွေ ဂျောင်ကိုယ်တိုင် စိုက်ပျိုးပေးထားသည်။ဒီလိုဆိုတော့လဲ အချစ်က ကဗျာဆန်လိုက်တာ။

ဥယျဉ်မှူးလေး သူ့ဧကရီအတွက် ပန်းပျိုးပေးခဲ့သလိုမျိုး....

"မင်းရဲ့အသက်၂၂ပြည့်မွေ့နေ့ရောက်တာနဲ့
လမ်းပြန်လျှောက်နိုင်စေရမယ်လို့ ကိုယ်
ကတိပေးတယ်"

"ခြေထောက်တွေက ပြန်မကောင်းနိုင်တော့ဘူးဆို.."

"Eun..မသိခဲ့လို့ပါ"

ဂျောင် ရဲ့စကားသံက တစ်စုံတစ်ယောက်ရဲ့
ပြောဆိုခဲ့ပုံနဲ့ အတ္တချင်းတူလိုက်တာ...

တည်ငြိမ်သောမျက်နှာထားနှင့် ယောင်္ကျားပီသစွာ အကြောစိမ်း‌တို့ထင်းနေသော လက်ချောင်းတို့သည် ကော်ဖီခွက်ကို မော့ချလိုက်ပြီးနောက် တစ်လုံးချင်းပီသစွာ ဆိုသူ။မျက်အိမ်တို့က ဂနာမငြိမ် နှင်းဆီ‌တွေဆီ အကြည့်ပို့ထားသည်။

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now