🖤8🖤

869 107 15
                                    


Unicode

မျက်နှာကြပ်ပေါ်ကမီးသီးရဲ့အလင်းရောင်စူးစူးကြောင့် မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ကြည့်မိတော့ အိမ်မဟုတ်တဲ့အခန်းတစ်ခန်းထဲမှာဘဲ ခန္ဓာကိုယ်တစ်ခုလုံးကလဲ ကြိုးနဲ့အတုပ်ခံထားရပီး အဝတ်အစားတွေကလည်း ဖရိုဖရဲနဲ့ ကုတင်ခြေရင်းမှာလဲ အရက်သောက်ရင်းထိုင်နေတဲ့ ယောင်္ကျားတစ်ယောက်။

"စီနီယာ!"

"နိုးပီလား Eun"

"ဒါဘာလုပ်တာလဲ ဘာလို့ ကျွန်မက ဒီလိုပုံစံတွေဖြစ်နေတာလဲ မဟုတ်မှ ရှင်.."

"နေပါဦး ကိုယ်ရှင်းပြပါရစေ"

‌ကုတင်နားကိုဖြေးဖြေးချင်းလျှောက်လာပီး ကိုယ်ပေါ်ကကြိုးတွေကိုဖြည်ပေးကာ သူ့ရဲ့အပေါ်ကုတ်ကိုချွတ်လိုက်ပီး ဟာအွန်းကိုခြုံပေးလိုက်တယ်

"နမော်နမက်နဲ့ကလေးမဘဲ တစ်ခုခုဆို ကိုယ်ရင်ကျိုးရချီရဲ့"

နဖူးကိုခပ်ဖွဖွတောက်ပီး ဒေါသကိုထိန်းကာပြောနေတဲ့ဂျောင်ကုက အပြုံးမပျက်ဆိုနေပေမဲ့ ဘာမှနားမလည်တဲ့ဟာအွန်းကတော့ကြောင်"တောင်"လေးနဲ့ ဂျောင်ကုရဲ့ အတွင်းရှပ် အဖြူပေါ်က သွေးအစွန်းတွေကို သေချာကြည့်နေမိတယ်

"Eunက ဘာလို့ကြိုးတုတ်ခံထားရတာလဲ ဘာလို့ စီနီယာမှာ သွေးတွေ.."

"မင်းစောနက ဘဝပျက်တော့မလို့"

"ရှင်"

"စောနက အိမ်သာအထွက်မှာ လူတစ်ယောက်နဲ့ဝင်တိုက်ခဲ့တယ်မို့လား"

"ဟုတ်တယ်"

"အဲ့လူက Eunကို ဆေးခတ်ထားတဲ့အရက်နဲ့
မတော်မတရားကြံဖို့ထိလုပ်ခဲ့တယ် ကိုယ်အချိန်မှီရောက်လာလို့ပေါ့"

"အခုသူဘာဖြစ်သွားပီလဲ"

မေးပေမဲ့ ပြန်မဖြေဘဲ ကြမ်းပြင်တစ်နေရာကို လက်ညှိုးထိုးပြတော့ သွေးအိုင်ထဲလဲနေတဲ့လူတစ်ယောက် မဟုတ်မှ သူလူသတ်လိုက်တာလား

"စီနီယာ သတ်လိုက်တာလား"

ကြောက်ပီးတုံလှုပ်နေတဲ့ ကောင်မလေးရဲ့ပုခုံးကိုကိုင်ကာ စိတ်အေးအေးထားဖို့ ချော့နေတဲ့ဂျောင်ကုကခု‌ေလးတင်လူသတ်ခဲ့တာ ဒါမဲ့အေးဆေးဘဲ

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now