🖤11🖤

781 103 11
                                    

Unicode

မနက်ခင်းအမှုအားလံုးပြီးစီး၍ ကျောင်းသို့သွားရန် ညီအမနှစ်ယောက်လုံးပြင်ဆင်ကြပီးနောက် အောက်ထပ်က ဧည့်ခင်းဆီကိုဆင်းလာကြတော့ ထိုင်နေကြသော ဖေဖေနဲ့ ‌မေမေအပြင် ဦးငယ်လဲရောက်နေသည်။

"သမီးတို့ ဒီကိုခဏလောက်ထိုင်ပါဦး"

"ဟုတ်ကဲ့ ဖေဖေ"

"သမီးတို့ကျောင်းပီးတော့မယ်မို့လား အဲ့အခါကျရင် ဖေဖေက သမီးကြီးကို အိမ်ထောင်ချထားပေးချင်လို့"

"ရှင်!"

"မမ ငယ်လေး ကားထဲကနေစောင့်နေမယ် ပြီးမှလိုက်ခဲ့တော့"

ဖေဖေဆက်ပြောမဲ့အကြာင်းအရာကို နားနဲ့ဆက်ဆက်ကြားခဲ့ပီးသားမို့လို့ ဒီလိုမျက်နှာချင်းဆိုင်တွေ့ပီးတော့ ထပ်ပြီးမကြားပါရစေနဲ့တော့ မဟုတ်ရင်ရင်တွေနာလွန်းလို့ ဦး ရှေ့တင်ငိုမိလိမ့်မယ်

"ဟုတ်တယ် သမီးကို ဒီက မင်ယွန်းဂီးနဲ့ အိမ်ထောင်ချပေးချင်လို့ လူကြီးချင်းက သဘောတူကျပါတယ် သမီးသဘောကရော"

"...."

ဒါကြောင့်ညက မေမေက အခန်းထဲကိုဝင်လာပြီး အိမ်ကစီးပွားရေးကြပ်နေတာကို ဦးငယ်က ကူညီဖြေရှင်းပေးထားကြောင်းနဲ့ အကြွေးတွေက မနည်းတော့တဲ့အခြေအနေမှာ အိမ်ပါဆုံးနိုင်တာကြောင့် မဖြစ်မနေဦးငယ်ရဲ့ အကူအညီလိုကြောင်းသေချာ နားချခဲ့သည်မို့
ငြင်းရန်ခက်နေသည်။

ဖေဖေကတော့ သမီးသဘော‌ေရာလို့မေးနေပေမဲ့ မေမေကတော့ အသနားခံနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာမို့ ဘေးကြပ်နံကြပ်ဖြစ်နေသည်။

"အခုမဖြေနိုင်သေးလဲရပါတယ် ဦးငယ် အလျင်မလိုပါဘူး"

"ဟုတ်ကဲ့ ဟာအွန်း စဉ်းစားပေးပါ့မယ်"

"ဒါဆို အန်ကယ် ကျွန်တော့်ကိုခွင့်ပြုပါဦး သေချာတဲ့အဖြေရရင်တော့ ဆက်သွယ်လိုက်ပါ "

"ကောင်းပါပီကွယ်"

"ဒါဆို သမီးလဲသွားပီနော် ဖေဖေနဲ့မေမေ"

"အေးအေး သမီး"

အရှေ့ကအရင်ထွက်သွားတဲ့ဦးငယ်ကို ခင်မင်ရင်းနှီးတဲ့သူတစ်ယောက်လိုကလွဲရင် တခြားဘယ်လိုအရောင်မှမရှိပါ ၊ရှိတာက အငယ်လေး ဦးငယ်ကို ငယ်ငယ်ထဲက ဘယ်လောက်တောင်သဘောကျခဲ့ရှာလဲ အခုလိုတွေဖြစ်လာဖို့က ညီမလေးနဲ့ဘဲဖြစ်သင့်တာလေ

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now