🖤17🖤

944 111 33
                                    

Unicode

"CEO nim..ကင်မ်ဟိုယန်း လို့ခေါ်ပါတယ် CEOရဲ့ အတွင်းရေးမှူးသစ်ပါ ခင်ဗျာ"

ယောင်္ကျားလေးအတွင်းရေးမှူးဘဲခန့်ရမယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ပေးသူကြောင့်
ရှားရှားပါးပါး ယောင်္ကျားလေးတစ်ယောက်ကိုတွေ့တာနဲ့ အလုပ်ခန့်လိုက်ရသည်။

ပုံစံကသူ့နီးပါးသက်သက်ရပ်ရပ်ရှိပြီး စကားပြောတာလဲသွက်သည်။

"အင်း မင်းအလုပ်စဝင်တဲ့နေ့ကစပြီး ကြိုးစားရင်ကြိုးစားသလို ဘောက်ဆူးပေးမယ်"

"တကယ်လား ကျွန်တော် ဘာတွေများဆောင်ရွက်ပေးရမှာလဲ"

"မန်နေဂျာဝမ် ဆီသွားလိုက် အသေးစိတ်ပြောပြပေးလိမ့်မယ်"

"ဟုတ်ကဲ့ ဒါနဲ့ CEOက လူလွတ်လား"

"ကင်မ်ဟိုယန်း သိထားရမှာက ငါ့မှာတရားဝင်ဇနီးရှိတယ် သွားလို့ရပီ"

"ဟုတ် ဟုတ်ကဲ့"

ထိတ်တန်းသူဌေးကြီးJeon နဲ့ မိန်းမတကာသတင်းတွေက ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ဖူးတာ အလုပ်မဝင်ခင်ထဲကသိထားပါတယ်။
ဒါပေမဲ့ မိန်းမရှိတယ်လို့တော့ တစ်ခါမှမကြားဖူးဘူး။

"မန်နေဂျာဝမ် ခင်ဗျ"

"အော် ဟိုယန်း ဒီမှာ CEOရဲ့ အချိန်ဇယားနဲ့ မင်းလုပ်ရမဲ့fileတွေ မသိတာရှိရင် ငါ့ဆီလာခဲ့ပေါ့"

"မေးချင်တာရှိတယ် ဂျာကြီး"

"ဂျာကြီး လို့ခေါ်ရအောင် မင်းနဲ့ငါ ခုမှသိတာလေ"

"အော် ဒါပေမဲ့ နောက်ဆိုခင်မင်ကြရတော့မှာလေ သူစိမ်းမဆန်ချင်ပါနဲ့"

"အေးကွာ ဘာလဲမေးလေ"

"CEOအကြောင်းတွေ ကျွန်တော့်ကိုသိသလောက်ပြောပြ ဘာဘဲဖြစ်ဖြစ်အတွင်းရေးမှူးအနေနဲ့ သိထားသင့်တယ်လေ"

"မင်းပြောတာလဲမမှားပါဘူး ဒါပေမဲ့ ငါတို့ပြောနေတာ တခြားသူကြားသွားရင်မကောင်းဘူး လာငါ့အနားကိုတိုး"

"ဂျာကြီး နော် ဒါမသင့်တော်ပါဘူး"

"ငါနှယ့် ဘာတွေတွေးနေတာလဲ မင်းသိချင်တာပြောမလို့လေ"

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now