🖤4🖤

1K 129 14
                                    

Unicode

မနက်ခင်း‌အချိန်ကိုကျော်လွန်၍ နေ့လည်ရောက်လုအချိန်နီးမှ ဂျောက်ကုတစ်ယောက်နိုးထလာခဲ့သည်။

"ကျစ်"

ခေါင်းတစ်ခုလုံး ‌ကိုက်ခဲနေပီး ကျောပြင်ကလဲ အတော်လေးကိုအောင့်နေသည် သေချာကြည့်တော့မှာ လှေကားထစ်တွေပေါ်အိပ်နေတာဘဲ ၊ညကဘာတွေဖြစ်ခဲ့လဲဆိုတာ ထူပူအောင်စဉ်းစားမိတော့ လီလာ အိမ်ပြန်ပို့တယ်ဆိုတာသာမှတ်မိတော့သည်။

ညကဘာတွေဖြစ်ခဲ့သေးလဲ ဆိုတာစဉ်းစားရင်းမျက်လုံးထဲပြေးပေါ်သူမှာ ဧည့်ခန်းမှာထိုင်နေသောသူ

"ဟာအွန်း.."

သူမ အခန်းထဲကိုထအသွားမှာ ကိုယ်ပေါ်က စောင်လေးပြုတ်ကျသွားတာကို သတိထားမိတယ်။

"ဒီတိုင်းတော့ ပစ်မထားခဲ့ဘူးဘဲ"

အောက်ထပ်မှာရှိတဲ့ သူမအခန်းရဲ့ လက်ကိုင်ဘုကိုလှည့်ကာ အထဲကိုအသာဝင်ကြည့်မိတော့ အိပ်နေတုန်းဖြစ်သောအိမ်သူလေး။ ခြေသံလုံလုံနဲ့ အနားကိုသွားကာ မနက်ခင်းကို အိမ်သူလေးရဲ့မျက်နှာလေးကိုကြည့်ရင်းစတင်သည်။

"ကိုယ့်ကိုကြိုက်သလိုက်ဆူလို့ရတယ် ရိုက်လို့ရတယ် ဒါပေမဲ့ ငိုတော့မငိုပါနဲ့"

ဖောင်းအစ်နေတဲ့ မျက်ခွံတွေနဲ့ မျက်ရည်စီးကြောင်းတွေက အိမ်သူလေးငိုထားခြင်းရဲ့သက်သေ၊ငိုတာမကြိုက်တဲ့ အကြင်သူက
သူကိုယ်တိုင်ဘဲ အိမ်သူလေးကို ငိုအောင်လုပ်နေတာတော့ မသိပါစ။

"ဂျောင်.."

"အွန်း ဟန်နီ နိုးပီလား"

"ဂျောင် ကတိမတည်ပြန်ဘူးနော်"

"ညက ကိုယ်တို့ Productတစ်ခုအောင်မြင်လို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သောက်ကြရင်းကနေ.."

"အဲ့တာတွေမသိချင်ဘူး လီလာ ကဘယ်သူလဲ"

"အာ..အဲ့တာ ကိုယ့်အတွင်းရေးမှူးအသစ်"

"ယောင်္ကျားလေးခန့်ပါလို့ပြောထားတယ်လေ"

"လာလျောက်တဲ့သူတွေထဲမှာ ယောင်္ကျားလေးမပါလာလို့ ကိုယ်လဲ"

"ဆင်ခြေတွေကိုတော်ပါတော့ ဂျောင်၊ကျွန်မလည်းသီးခံသင့်သလောက် သီးခံပြီးပီ
ဘာလဲ ကျွန်မက နာမည်ဘဲရှိတဲ့ဇနီးလား"

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now