Ring ~ Ring
လူကကော်ဖီသောက်နေရင်းနဲ့ဖုန်းမြည်လာတာမို့contactကိုကြည့်လိုက်တော့စိမ်းနေသည့်ဖုန်းနံပါတ်။
"...."
သူကိုင်လိုက်ပြီး5secs လောက်ကြာတာတောင်တဖက်ကဘာမှပြောမလာတာမို့သူဖုန်းချဖို့ပြင်နေတုန်းမှာပဲ...!
" ဘယ်လိုလဲ Lee Minhyung "
"...."
" ခင်ဗျားဖုန်းနံပါတ်ဘယ်ကရလဲအံ့ဩနေတာထင်တယ် "
" မင်းဘယ်သူလဲငါမသိချင်ဘူး ငါ့ကိုဖုန်းဆက်တာဘာကိစ္စလဲ "
" ခင်ဗျားလဲကိစ္စတွေကိုကြားပြီးလောက်မှာပေါ့ ဘယ်လိုလဲ ကျွန်တော်တို့တွေ့ကြမလား ကိုယ့်ကိုသတ်တဲ့လူရဲ့မျက်နှာလေးတောင်မမြင်လိုက်ရပဲသေတာတော့ နည်းနည်း...! "
" မင်းကဟာသပြောတတ်သားပဲ မင်းရဲ့ကလေးအထာတွေအတွက်ငါ့မှာအချိန်မရှိဘူး အရမ်းပျင်းနေရင်မင်းဘော့စ်နဲ့စုံစွမ်စွိဆော့နေ "
" စုံစွမ်စွိကDongHyuckဆိုတဲ့ကောင်လေးနဲ့ဆော့လို့မရဘူးလား "
ဖုန်းချခါနီးသူ့လက်တွေကိုရပ်တန့်သွားစေတာကအဲ့နာမည်။
" ဟား ဟား သူနဲ့မဆော့စေချင်ရင်ခင်ဗျားရထားတဲ့USBကိုယူပြီးxxxကိုည7:00အရောက်နော်! လူစည်တဲ့နေရာလေးမှာကျွန်တော်တို့ဒိတ်ကြမယ်လေ "
တီ တီ တီ
တဖက်ကဖုန်းချသွားတာတောင်သူကကိုင်ထားမိဆဲ။
အဖြေရှာမရပေမဲ့ သူဘာလို့ရပ်တန့်သွားရတာလဲ?
သူနာရီလှမ်းကြည့်မိတော့6:40အတိ။ဒါနဲ့ရယ်ရသား။
အဲ့ကောင်လေး အဲ့နာမည်ပိုင်ရှင်ကသူနဲ့ဘာမှ မှမဆိုင်တာ။
J ! မင်းကတော့မဆိုင်တာတွေအလဟဿလုပ်မိပြီထင်တယ်။
ဒီညနေဆိုရင်ပဲအထက်ကိုသွားအပ်တော့မည့်လက်ထဲကUSBကိုတချက်ပွတ်လိုက်ပြီးဌာနချုပ်ရှိရာသို့တခါထဲထွက်လာလိုက်သည်
ကောင်လေးအတွက်စိတ်တော့မကောင်းပေမဲမတတ်နိုင်။
အစထဲကသူနဲ့လာမပတ်သတ်သင့်တာ။_
" Jeno ah! Renjunကငါတို့ကိုxxxကိုဘာလို့ခေါ်တာလဲ "
" သူဒီကမုန့်ဈေးတန်းဆိုတာတွေကိုသွားမလည်ဖူးလို့တဲ့ ငါလဲသေချာမသိဘူး မနက်ကခဏလေးတွေ့တုန်းအပြေးလေးပြောသွားတာပါဆို "
YOU ARE READING
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Фанфикချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?