( 𝚃𝚑𝚒𝚜 𝚙𝚊𝚛𝚝 𝚒𝚜 20+ မကြိုက်တဲ့သူတွေမဖတ်ကြဖို့ မေတ္တာရပ်ခံပါတယ်နော် )
“ ဒါနဲ့ ကိုကို မင်းဆီက အကြွေးရဦးမယ်နော် ”
“ အကြွေး ? ကျွန်တော် ဘယ်တုန်းကပိုက်ဆံချေးထား.. ”
* ပြွတ်စ်
“ ဒီအကြွေးလေ ... ! Hyuckie! နောက်ဆို ကိုကို့ကို ခဏခဏစိတ်ဆိုးပါလား ”
“ ဟင် ? ဘာလို့တုန်း ”
“ ဒါမှ အကြွေးများများပြန်တောင်းရမှာလေ! ”
နဂိုထဲကပူနွေးနေတဲ့ပါးပြင်ဆီကခံစားမှုတို့က ကိုကို့ကြောင့်ပိုပြီးဆိုးလာသလို ။
“ ဆရာတို့ ပြန်လာတော့မှာထင်တယ် ... ပြန်ချင်ရင် ကိုကိုလိုက်ပို့မယ်လေ ”
“ ဘယ်သူကပြန်မယ်ပြောလို့လဲ ”
“ ဟမ် ! ”
“ ကျွန်တော်မပြန်တော့ပဲနဲ့ ကိုကို့ကိုတစ်ခါတည်းလက်ထပ်လိုက်လို့မရဘူးလားဟင် ၊ ”
“ ဘာ ဘာဖြစ်လို့လဲ Hyuckiရဲ့ ”
မျက်လုံးတွေပြူးကျယ်ပြီး ပြန်မေးတဲ့ကိုကို့ရဲ့ခါးကို တိုးဖက်လိုက်ရင်း..
“ ကာကွယ်ပေးချင်တယ်... ”
“ ဘယ်လို Hyuckie ”
“ ကိုကိုရဲ့ပျော်ရွှင်မှုတစ်စိတ်တပိုင်းမှာ ကျွန်တော်ပါ၀င်ချင်တယ် ဒါမှမဟုတ် ကိုကို့အတွက်ပျော်ရွှင်မှုတွေကို ကျွန်တော် တာ၀န်ယူပေးချင်တယ် ... ဒါကရယ်စရာဖြစ်နေမလားမသိပေမယ့် လက်ထပ်ထားရင် ဒီထက်ပိုပြီး ကိုကို့ကိုပျော်ရွှင်စေနိုင်မလား ... ”
ကျွန်တော်ချစ်တဲ့ကိုကို့ကို ဒဏ်ရာတွေရမှာ မလိုချင်ဘူး ။
ကိုကိုကအကြာကြီးငေးမောသွားပြီးမှ ပြန်ပြောတယ် ။
“ ဒါက ကိုကိုပြောရမယ့်စကားမဟုတ်ဘူးလား အဆိုးလေးရဲ့ ဟင် ! ”
“ မသိဘူးဗျာ ! ကျွန်တော် ဒီနေ့တော့အိမ်မပြန်တော့ဘူး ”
“ ဒါက အရမ်းကြီးစောနေသေးတယ်လို့ထင် ..”
“ ကျွန်တော့်ကိုငြင်းတာလား ?! ”
“ ဟာ ! ငြင်းတာတော့မဟုတ်ဘူးနော် ! ကိုကိုပြောချင်တာက... ”
YOU ARE READING
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Fanficချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?