*ဟင်ကျောင်းပိတ်ရက်မို့အိမ်မှာပျင်းနေ၍Jenoကိုလှမ်းခေါ်မလို့ဖုန်းယူပြီး ၀ရန်တာထွက်လာတုန်း
ဘေးကခြံထဲကွေ့၀င်သွားတဲ့ကားအနီလေး
စပ်စုချင်စိတ်နှင့်သူမှီသလောက်လှမ်းကြည့်မိတော့ ကားထဲကနေထွက်လာတာက ခေတ်ဆန်ဆန်နှင့်သိပ်လှသည့်မိန်းကလေးတယောက်
ဘယ်သူလဲ !?
အိမ်ထဲ၀င်သွားတော့သူလိုက်ကြည့်လို့မရတာမို့ ခြံထဲပြေးဆင်းကာအနောက်ဘက်မှာရှိတဲ့သစ်ပင်ကြီးပေါ်တက်ရန်ပြင်လိုက်သည်
သစ်ပင်ကြီးကDonghyuckတို့ခြံထဲကနေဟိုဘက်ခြံထဲသို့ ညွတ်ကျနေတာကြောင့် ကောင်းကောင်းမြင်ရလောက်သည် ။
ညွတ်ကျနေတဲ့ကိုင်းဆီရောက်အောင်သွားလိုက်ပြီး သူလျှောက်ရှာမိတော့ ပြတင်းမှန်ကနေရှင်းလင်းစွာမြင်နေသည့် ဧည့်ခန်း။
*ဂျွတ်
* အမေ့
ကိုင်းသေးသေးလေးပေါ်နင်းမိ၍သူ့ဝိတ်ကိုမခံနိုင်စွာကျိုးသွားခြင်း
တော်ပါသေးရဲ့ အပေါ်ဘက်ကိုလှမ်းကိုင်ထားလို့
နေပါဦး ?
ငါကဘာလုပ်နေတာလဲအခု ။
ဘယ်သူနဲ့ပဲတွေ့တွေ့သူ့ကိစ္စလေသစ်ပင်ပေါ်ကကို့ယို့ကားယား ကိုယ့်အခြေအနေကိုပြန်တွေးမိပြီး အောင်ပြန်ဆင်းမလို့ပြင်လိုက်သော်လည်း မြင်ကွင်းထဲ၀င်လာသည့်အရာကြောင့် ထိုအတွေးတွေကိုလွှင့်ပစ်လိုက်သည် ။
တခါမှအရယ်အပြုံးမရှိခဲ့ပေမယ့် ထိုမိန်းကလေးကိုတော့ဖက်ပြီးရယ်မောနေတာ ။
အပေါ်ကကိုင်းကိုကိုင်ထားသောလက်တို့က တုန်ယင်လာတာမို့ သူလွှတ်ချပြီး ပင်စည်ကြီးကိုသာ လက်နှစ်ဖက်နှင့်ဖက်ထားမိသည်
ပြီးတော့ထိုမြင်ကွင်းကိုထပ်မကြည့်နိုင်တော့တာကြောင့်မျက်နှာလွဲကာ ပင်စည်ကြီးနဲ့သာကပ်ထားလိုက်သည်
( အင်းလေ )
( သူကသိပ်လှတဲ့မိန်းကလေးတွေနဲ့ပဲပတ်သတ်မှာပေါ့ ...)
( ကိုယ်ကသာမှားယွင်းနေတာ... )
( စိတ်ကိုထိန်း Lee Donghyuck!! )
YOU ARE READING
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Fanfictionချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?