( 2 )

705 90 0
                                    

ခလော ခူးး~~

“ DongHyuck! မင်းကဘာလို့သတ်ိမရသေးတာလဲ  အိမ်ပြန်ကြမယ်လေ ”

ဆိုဖာပေါ်ကသတိလစ်နေတာလား အိပ်မောကျနေတာလားမသဲကွဲတဲ့‌တယောက်ရယ်၊‌ဘေးမှာထိုင်ပြီးဘာတွေရွတ်နေမှန်းမသိတဲ့တယောက်ကိုကြည့်ပြီးLee Markတယောက်ခေါင်းတွေသာစုံကုတ်မိတော့သည်။
သူ့ကိုလုပ်ကြံဖို့လူလွှတ်လိုက်တယ်ထင်ပြီးJackieကိုလွှတ်ပြီးခါမှ ဖန်သားပြင်မှာမြင်လိုက်ရတဲ့ဘောလုံးကိုင်ထားတဲ့ပုံရိပ်ကြောင့်သူပါအမြန်ပြေးထွက်လာမ်ိတာ။
ဒီအနီးအနားက ကလေးတယောက်ယောက်ဆိုပြဿနာတွေကြီးကုန်မယ်မလား
နဂိုထဲကမှတိတ်ဆိတ်ဆိတ်‌နေနေရတဲ့ဘ၀မို့အရှည်အရှည်တွေဖြစ်ကုန်ရင် သူ့အတွက်လဲကောင်းတာမရှိ။

“ Yeah! Lee DongHyuck! အိမ်ပြန်ကြမယ်လို့မင်းမာမီကော ငါ့မာမားရောပြန်လာတော့မှာ ဘာလို့သတိမရသေးတာလဲ ”

ပြောရင်းနဲ့သူ့ကိုပါကြည့်လာပြီး

“ ဒီမှာဗျ! တခုခုလုပ်ပေးဦးလေဗျာ ကျွန်တော့်သူငယ်ချင်းခုထိသတိမရသေးဘူး ”

“ သတိရ ရအောင်သတ်ိလစ်နေတာမှမဟုတ်တာ အိပ်ပျော်နေတာအဲ့ကောင်လေးက ”

“ ဟမ် ”

Lee Markစိတ်ရှိတဲ့အတိုင်းသာဆို ဆိုဖာပေါ်ကတယောက်ကော ဘာပြောပြောမျက်လုံးပြူးပြီးပြန်ကြည့်တဲ့တယောက်ကောဂုတ်ကဆွဲပြီးခြံပြင်ထုတ်ပစ်လိုက်ပြီ။
ဘာမှအကျယ်အကျယ်မဖြစ်ချင်လို့သာငြိမ်နေတာ။

ထိုစဉ်ဆိုဖာ‌ပေါ်ကတယောက်ကသူတို့နှစ်ယောက်ပြောစကားများကြောင့်ထင်
တအိအိနဲ့လူးလွန့်လာပြီးငေါက်ခနဲကောက်ထိုင်လာသည်။

“ ဝါးးး အိပ်လို့ကောင်းလိုက်တာ ”

“ တကယ်အိပ်ပျော်နေတာပေါ့ DongHyuck! ”

“ ဟမ်! Jeno မင်းကဘယ်လို.. နေပါဦးငါတို့ဘယ်ရောက်နေတာ ?”

“ ငါ့အိမ်လေ ”

ခုထိပစ္စုပန်ကိုရောက်ပုံမရသေးသည့်ကြောင်တောင်တောင်အားသူစိတ်မရှည်တော့။
သူ့ရှေ့သွားရပ်ပြီးပြောလိုက်တော့မျက်လုံးဝိုင်းတွေနှင့်မော့ကြည့်လာသည်။
ပြီးတော့မှမျက်လုံးကိုပေကလပ်ပေကလပ်လုပ်ပြီးဖြစ်ခဲ့သမျှတွေကိုစဉ်းစားနေပုံရသည်။

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now