အချိန်ကာလတစ်ခုဆိုတာ မေ့ဖို့လည်းလုံလောက်သလို မုန်းဖို့လည်းတွန်းအားဖြစ်ပြန်တယ်ကွယ် ။_
သူတို့ဝေးသွားခဲ့ကြတယ် ။ မဟုတ်ဘူး ။ ဝေးကွာနေခဲ့ကြတယ် ။
ပုံပြင်လေးကမလှမပအဆုံးသတ်ခဲ့တယ်ထင်ရပေမယ့် တဖက်မှာစတင်ခဲ့ခြင်းလည်းဖြစ်နိုင်တာပါပဲ ။အချိန်ကာလတွေကော ဘယ်လောက်အထိရှည်ကြာခဲ့မယ်ထင်သလဲ ?
တယောက်အကြောင်းတယောက်မတွေးမိအောင်နေကြရင်းနဲ့ အချိန်တိုင်းသတိရနေကြတာလည်းဖြစ်နိုင်ပါတယ် ။
တခုခုတိုက်ဆိုင်တဲ့အခါ ၊ မထင်မှတ်ပဲအသံလေးတူသွားတဲ့အခါ၊ မှတ်မိနေတတ်တဲ့အဖြစ်အပျက်တွေက မျက်စိရှေ့မှာလာဖြစ်ပျက်ကြတဲ့အခါ လုံး၀မလွမ်းပါဘူးလို့ပြောရင် သေချာပေါက်ညာတာပဲပေါ့ ။.
“ လစ်လပ်နေတဲ့အတွင်းရေးမှူးနေရာအတွက် လာလျှောက်သူစာရင်းပါ ဆရာ ”
အတွင်းရေးမှုးကင်မ်ပြောမှ သူထိုကိစ္စကိုတွေးမိတော့သည် ။ ကင်မ်ကလက်ထပ်ပြီးပြောင်းရွှေ့တော့မှာမို့ အတွင်းရေးမှူးအသစ်ရှာနေရခြင်း။
“ ဒီတစ်ခါတော့သေချာရွေးရမယ် ကျွန်တော်နဲ့လည်းကိုက်ညီပြီး အဆင်ပြေမယ့်သူ ”
ကင်မ်ပေးတဲ့ဖိုင်လှမ်းယူပြီးစာရွက်တွေလှန်လှောကြည့်မလို့ပေမယ့် လာလျှောက်သူကတယောက်တည်း ။
“ ထပ်ဖြစ်ပြန်ပြီ ”
ကြည့်ရတာတော့ fullsunရဲ့CEOပေါက်စဒေါသအကြောင်းကြားဖူးထားကြလို့ ဖြစ်ပါလိမ့်မယ် ။
ကင်မ်တောင်ဒယ်ဒီ့တပည့်မို့လို့ ။တယောက်တည်းသောလာလျှောက်သူရဲ့ဖောင်ဆီမျက်လုံးတို့ရောက်သွားချိန် ။
“ ဟမ် 35နှစ်! ”
Ageနေရာမှာဖြည့်ထားတဲ့အသက်ကိုကြည့်ပြီး သူဇက်ကြောပါတက်သွားရသည် ။
“ မဟုတ်သေးပါဘူး ဒီလူက... ”
စကားတွေရှေ့ဆက်လို့မရတော့တာက nameနေရာမှာဖြည့်ထားတဲ့စာလုံးဝိုင်းလေးတွေကြောင့်...
Lee MinHyung ! အက္ခရာလေး11ခုကို စာလုံးပေါင်းပြီးဖတ်မိသည် ။
“ မဟုတ်ပါဘူး ။ နာမည်တူတာ... ”
YOU ARE READING
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Fanficချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?