( 16 )

492 59 2
                                    


Ting !

* ချစ်စရာကောင်းသားပဲ ! *

ကားမောင်းနေရင်းနဲ့သူ့ဖုန်းကိုMessage၀င်လာလို့ ကြည့်မိတော့ ထိုစာနဲ့အတူ Hyuckieရဲ့ပုံတွေ ။
Lee Markမျက်ခုံးတွေတွန့်ချိုးသွားရပြီးနောက် ထပ်ပို့လာတဲ့စာတွေ

* သူ့နာမည်ကDonghyuck ? *

* သိချင်တယ် သူကမင်းအတွက်ဘယ်လောက်တောင်အရေးပါသလဲဆိုတာ *

နောက်ဆုံးစာကြောင်းကိုမြင်ပြီးLee Markကားကိုအိမ်သို့အမြန်ပြန်ကွေ့လိုက်ရသည် ။

ဘယ်ကောင်ကလာနောက်နေတာလဲ ?

ကားကိုလက်တဖက်နှင့်မောင်းပြီး ကျန်တဖက်ကhyuckieကို ဖုန်းခေါ်နေမိတာ အဆက်မပြတ် ။
သူမောင်းနေမိတဲ့အရှိန်ဟာ အန္တရာယ်များမှန်းသိပေမယ့် သူအခုအချိန်မှာစိတ်ပူနေတာထိုကောင်လေးကိုပဲ ။

“ ဖုန်းကိုင်စမ်းပါ Hyuckieရာ !! ကျေးဇူးပြုပြီး ”

အကြိမ်ပေါင်းမနည်းခေါ်ဆိုနေမိတဲ့ဖုန်းလေးဟာ ကိုင်သူမရှိခဲ့ ~

တိုက်ဆိုင်‌နေတာပဲဖြစ်ပါစေ ။သူထိုတိုက်ဆိုင်မှုတွေကိုသဘောမကျပေမယ့်ပေါ့ !

ဝူးးး ~

“ Hyuckie !! ”

ကားကိုHyuckieတို့အိမ်ရှေ့ရပ်လိုက်ပြီးခြံထဲပြေး၀င်ခဲ့တော့ အလောတကြီးတစ်နေရာသွားဖို့ပြင်နေကြတဲ့ဆရာနဲ့ဇနီး ။

“ ဘယ်... ဘယ်‌သွားမလို့.. Hyuckie ရောဟင် .. ”

“ ဆရာတို့လည်း အခုပဲသွားမလို့Minhyung ! သားလေး သားလေးက..! ”

ဟင့်အင်း ။
မဟုတ်ဘူးမလား ?!

“ သွားရင်းနဲ့ပြောရအောင်Minhyung ! သားက*** ဆေးရုံမှာ ”

ဆရာနောက်ထပ်ဘာတွေပြောမှန်းသူမသိတော့ ။
အသိစိတ်လွတ်နေတဲ့သူလိုတယောက်တည်း ကားကိုတရကြမ်းမောင်းထွက်ခဲ့ပြီး Hyuckieရှိရာဆေးရုံဆီမောင်းလာခဲ့သည် ။

ကိုကိုဘာမှဖြစ်ခွင့်မပေးနိုင်ဘူးနော် Hyuckie !
ကျေးဇူးပြုပြီး ...

ဆေးရုံရောက်တော့ ပြေးလွှားနေတဲ့ဆရာ၀န်တွေရယ်၊ အော်ဟစ်ငိုယိုနေကြတဲ့Hyuckieတို့အရွယ်ကျောင်းသားလေးတွေရယ်

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now