ရေပန်းမှစီးကျနေတဲ့ရေအေးအေးတွေကိုခံယူနေရင်းခေါင်းထဲရောက်ရောက်လာတာက မုန့်တွေလိုက်ကောက်နေတဲ့ကောင်လေးရဲ့မျက်နှာ။
အာာာ..! အာရုံနောက်လိုက်တာ။
ရေချိုးပြီးသူအပြင်ထွက်လာတော့ဘယ်တုန်းထဲကမြည်နေမှန်းမသိတဲ့သူ့ဖုန်း။
Ring ~ Ring
“ Mark Leeပြောနေတယ် ”
“ ဟ! မင်းကလဲငါ့နာမည်တောင်မမှတ်ထားဘူးလား ”
“ ဘယ်သူမှန်းငါသိတယ် ပြောစရာရှိတာကိုပြော ”
“ Jကို သိတယ်မလား ”
“ အဲ့တာမင်းလိုက်နေတဲ့ကိစ္စမလား ငါနဲ့ဘာဆိုင်? ”
“ ပြောတာဆုံးအောင်နားထောင်ပါဦး အခုငါတို့လူသတင်းပေးတာJကမင်းဆီရောက်လာဖို့များတယ် ”
“ သေချာလို့လား ”
“ သေချာတယ် မင်းအနားကိုကပ်လာတဲ့လူမှန်သမျှကိုသတိနဲ့ဆက်ဆံပါ Jကဘယ်လိုမျိုးလဲဆိုတာမင်းသိတယ်မလား ”
“ အဲ့ချာတိတ်ကိုလား ”
“ ချာတိတ်လုပ်မနေနဲ့ ဘယ်လောက်အဆိပ်ပြင်းလဲမင်းလဲသိနေတာပဲ ပြီးတော့သူကဘယ်လိုပုံစံလဲ ဘယ်သူလဲ ဘယ်သူမှဖော်ထုတ်နိုင်သေးတာမဟုတ်ဘူး ”
“ သူလဲငါ့ကိုမသိပါဘူး အဟက်! ”
“ အချင်းချင်းမမြင်ဖူးကြတဲ့မင်းတို့နှစ်ယောက်ကတူညီတာတွေတော့ရှိမှာပဲ ဘာပဲဖြစ်ဖြစ်အထက်ကသတိထားဖို့မှာခိုင်းတာ ဒါပဲ! ”
တဖက်ကဖုန်းမချခင်သူအရင်ချပစ်လိုက်ပြီးရေစိုနေတဲ့ဆံပင်တွေကိုခါထုတ်လိုက်သည်။
ငါ့ကိုလာကစားချင်တာလား။
ကောင်းပြီလေ ။
ပျော်ပျော်ကြီးကစားပေးရတာပေါ့။Jဆိုတာကနာမည်ကြီးမူးယစ်ဂိုဏ်းတခုရဲ့လက်သပ်မွေးထားတဲ့ထိပ်တန်းလုပ်ကြံရေးသမား။
သူတို့အထက်ကJကိုလိုက်နေခဲ့တာကြာပြီ။
ပြောရမယ်ဆိုသူနဲ့အခုမှထိပ်တိုက်တွေ့မှာ
သူ့ရဲ့အရင်Missionကမူးယစ်ဂ်ိုဏ်းမှာအသွင်ယူရတာဖြစ်ပြီး လက်အာက်ငယ်သားတယောက်ရဲ့ပေါ့ဆမှုကြောင့်သူ့ရဲ့သရုပ်မှန်ကပေါ်ပေါက်သွားပြီး အခုခဏရှောင်နေရခြင်း။
Jနဲ့ဆုံဖြစ်ခဲ့ရင်အရင်ဆုံးပြောချင်တာကလာထိတဲ့သူမှားနေပြီဆိုတာ။
YOU ARE READING
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Fanficချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?