“ InJun ah ... ဆေးသောက်ပြီးပြီလား ”“ ဟုတ် Hyung ”
တစ်နေရာထဲကိုအကြည့်တွေပို့ထားပြီး ပြန်ဖြေတဲ့ကောင်လေးကိုခေါင်းလေးပွတ်ပေးမိတော့ ပြုံးပြတယ် ။
တွန်းလာမိတဲ့ဝှီးချဲလေးကို ခဏလောက်ရပ်ထားပြီး ကျွန်တော်သူ့ရှေ့ထိုင်မိတော့ ခံစားမိလို့ထင်ပါရဲ့ လက်ကလေးတွေနဲ့စမ်းလာတယ် ။“ InJun ah.. ”
“ ဟုတ် ”
“ ပြောစရာရှိတယ် အင်း... InJunအတွက်သတင်းကောင်းပဲသိလား ”
“ သတင်းကောင်း..? ကျွန်တော့်အတွက်သတင်းကောင်းဆိုတာရှိလို့လား ”
ပေါင်ပေါ်တင်ထားတဲ့လက်ကလေးတွေကိုဆုပ်ကိုင်မိတော့ ကျွန်တော်ပြောမယ့်သတင်းကောင်းဆိုတာကိုစောင့်နေပုံနဲ့ ကျွန်တော်ရှိရာက်ိုမှန်းဆပြီးကြည့်နေတယ် ။
“ InJunအတွက် မျက်ကြည်လွှာအလှူရှင်ရပြီသိလား ”
ဆုပ်ကိုင်ထားမိတဲ့လက်ကလေးခပ်တင်းတင်းဖြစ်သွားတာကိုကြည့်ပြီးသူအံ့ဩသွားတာကိုကျွန်တော်သိလိုက်တယ် ။
ဘယ်လောက်ပဲဒီဘ၀မှာနေသားကျနေပြီဆိုဆို RenJunအရင်လိုပြန်ဖြစ်ဖို့မျှော်လင့်ချက်က လက်တဆုပ်စာကောက်ရိုးလေးပဲဖြစ်နေရင်တောင် ကျွန်တော်ကတော့ရအောင်ဖမ်းဆွဲထားရမှာပဲလေ ။“ တကယ်လား Hyung ”
“ အင်း.. အခုInJunက ကိုကြီးကိုလည်းအရင်လိုမြင်နိုင်ပြီ ပြီးတော့ကျောင်းကောင်း"တက်ပြီးလူကြီးဖြစ်နေတဲ့Jenoရယ်၊ CEOဖြစ်နေတဲ့DongHyuckရယ်ကိုလည်း.. တွေ့လို့ရပြီ ”
“ Jenoကအခုလူကြီးဖြစ်နေပြီလား ရင့်ကျက်နေပြီလား ”
“ အင်း.. အရမ်းပေါ့ ”
ခပ်ဆွေးဆွေးဖြစ်သွားတဲ့မျက်လုံးလေးတွေကသိပ်ကိုလွမ်းနေခဲ့မှန်း ကြည့်ရုံနဲ့တင်သိသာတယ် ။
“ ကျေးဇူးတင်ပါတယ် Hyung ”
ခပ်တိုးတိုးဆိုလာတဲ့စကားသံလေးကြောင့် မျက်လုံးလေးတွေကွေးကျသွားတဲ့အထိပြုံးမိတယ် ။
လောကမှာလျှို့ဝှက်ချက်ဆိုတာမရှိနိုင်ပေမယ့် ဒီငါးနှစ်ကြာအထိသူကတော့ထိန်းသိမ်းထားနိုင်တယ်ထင်တာပဲလေ ။
YOU ARE READING
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Fanfictionချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?