( 18 )

514 63 5
                                    

နေရာက အဆောက်အဦပျက်ကြီးတစ်ခု ။

“ ဘော့စ် ဟိုကောင်လေးဖုန်းထဲတန်းပို့လိုက်တာက ဟုတ်ပါပြီ M2ကသူတို့နဲ့အတူရှိနေတယ်ဆိုတာ ဘယ်လိုသိနိုင်မှာလဲ ”

“ Simon ... မင်းကဒါကြောင့်အမြဲတမ်း ဟိုသစ္စာဖောက်ကောင်လေးရဲ့အနောက်မှာပဲရှိနေရတာ ! ”

ဘော့စ်စကားကြောင့်မျက်နှာပျက်သွားရတာကSimon !

“ မင်းစောင့်နေလိုက် ! ငါ့ရဲ့အစီအစဉ်ကမကြာခင်မှာအကောင်အထည်ပေါ်လာတော့မှာ ! ”

ဘော့စ်‌ ပြောနေပုံကယုံကြည်မှုရှိစွာ ။
Simonဘာမှနားမလည်တော့ ! အမှန်ဆိုJ က ဘော့စ်လူပဲလေ ။ ဒီလိုလူအတွက်နဲ့M2ကအရေးကြီးတဲ့USBကိုလဲမတဲ့လား ?!

“ အချိန်ကျပြီ ! ဖုန်းယူခဲ့Simon ..”

“ ဒီမှာပါ ဘော့စ် ”

ဘော့စ်က တစ်နေရာသို့စာပို့နေပုံ ။

* နေရာပြောင်းသွားပြီ ! အခုငါပို့တဲ့နေရာကိုနှစ်နာရီအတွင်းလာခဲ့! အဲ့ထက်ပိုကြာရင် ဒီကောင်လေးရဲ့အသက်ကိုအာမမခံနိုင်ဘူး ! *

ကြိုးတုပ်ခံထားရပြီး သတိလစ်နေတဲ့ကောင်လေးကို တချက်ကြည့်လိုက်ပြီး ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည် ။
ပြီးပြည့်စုံတယ် သူ့အစီအစဉ်က...!

_

* နေရာပြောင်းသွားပြီ ! အခုငါပို့တဲ့နေရာကိုနှစ်နာရီအတွင်းလာခဲ့! အဲ့ထက်ပိုကြာရင် ဒီကောင်လေးရဲ့အသက်ကိုအာမမခံနိုင်ဘူး ! *

Message ၀င်လာတာကိုကြည့်ပြီး Jenoပိုပြီးစိတ်ပူသွားမိသည် ။
Donghyuckဘဲကြီးသွားနေတာက တစ်နေရာ ! အခုပို့လာတာကတစ်နေရာ ။

“ DongHyuck! ”

“ ဘာလဲ ! မင်းငါ့ကိုစကားလာမပြောနဲ့ ! ငါ့ကိုပဲဖယ်ထားပြီး ဘာတွေပြောနေကြတာလဲမသိရဘူး ! ”

“ စိတ်ကောက်ချင်ရင်ပြီးမှကောက်ကွာ ! အခုမင်းဘဲကြီးနံပါတ် ငါ့ကိုပေး အရေးကြီးလို့ ! ”

“ လိုချင်လား ? ဒါဆိုခုနကဘာတွေပြောကြတယ်ဆိုတာရယ် ကိုကိုကအရေးတကြီးဘယ်ထွက်သွားတယ်ဆိုတာရယ် ခုနထဲကအိမ်ရှေ့မှာလာစောင့်နေတဲ့လူနှစ်ယောက်ကဘယ်သူတွေဆိုတာရယ်မင်းပြောပြ ! မင်းသိထားတယ်မလား ? ”

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now