“ ဖြစ်ပါ့မလား ဆရာ... ဒီကိစ္စကိုဘော့စ်ကJကိုအပ်ထားတာမလား ”“ လာပြန်ပြီ ! J ! J ! J ! အခုအဲ့ဒီကောင်ကအချိန်တွေဆွဲနေတာလေ ! ငါသာလက်ဦးမှုယူပြီးဘော့စ်ဆီUSBအပ်နိုင်ရင် အဲ့ဒီကောင်ထက်ငါ့ကိုအထင်ကြီးလာမှာပဲ ! ”
Simonအကျည်းတန်တဲ့မဲ့ပြုံးတစ်ခုကို အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည် ။
Jကိုသူဘယ်တုန်းကမှယှဉ်လို့မရခဲ့ပေမယ့် အခုဒီကောင်အချိန်တွေဆွဲပြီး တွေဝေနေတာ သူသိတာပေါ့ ။
ဒီလိုအချိန်မှာသာ သူကလက်ဦးမှုယူနိုင်ခဲ့ရင်..?“ မင်းသာ ငါခိုင်းတာကိုအမှားအယွင်းမရှိစေနဲ့ ! အခုအချိန်ကစပြီးဒီဂိုဏ်းရဲ့အတော်ဆုံးကငါပဲဖြစ်ရမယ် ! အဲ့လိုဖြစ်ဖို့အတွက်ငါ့ရှေ့မှာလာပိတ်သမျှဆူးညောင့်တွေကိုလည်း ငါကရှင်းထုတ်ပစ်ရမှာပဲ ! ”
_
ကိုယ့်ကားနောက်မှာကားတစ်စီးကပ်ပါလာတာ မြင်ပေမယ့် သူဟန်မပျက်ဆက်မောင်းလာခဲ့လိုက်သည် ။
နောက်ယောင်ခံလိုက်ချင်တယ်ပေါ့ ?!လမ်းမကြီးတည့်တည့်ကနေလမ်းချိုးလေးထဲကွေ့၀င်လိုက်ပြီး ထိုလမ်းချိုးလေးမှတဆင့် တခြားလမ်းခွဲ၊လမ်းပေါင်းစုံချိုးကွေ့ပြီးမောင်းလာခဲ့သည် ။
မကြာခင်သူနေတဲ့လမ်းထဲရောက်တော့မှာပေမယ့် ကားကိုခြံရှေ့မှာမရပ်ပဲ ဆက်မောင်းသွားဖို့ဆုံးဖြတ်လိုက်သည် ။မျက်စိတွေလည်ကြစမ်း !
အတွေးနဲ့ကိုယ်နေတဲ့အိမ်ကိုကျော်ဖို့ဆက်မောင်းခဲ့ပေမယ့် မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကသူ့ကိုဆီးကြိုနေသည် ။
ကိုယ့်အိမ်ကိုကျော်လာတယ်ထင်ပြီး Hyuckieက သူ့အိမ်ရှေ့မှာ လက်နှစ်ဖက်တားကာ ရပ်နေတာဖြစ်သည်
မဖြစ်ဘူး ! ဘယ်သူတွေမှန်းမသိတာမို့ ကိုယ်နဲ့ဒီကလေးကရင်းနှီးကြတယ်ဆိုတာ သိသွားလို့မဖြစ် ။
သို့သော် သူ့ဆုတောင်းတွေမပြည့်ခဲ့ပါ ။
တားနေရာကနေလုံး၀မဖယ်ပေးတဲ့ကလေးက သူ့ကိုရယ်တောင်ပြနေသေးသည် ။ကားကHyuckieနားရောက်ခါနီး သူသာရပ်ပစ်လိုက်ရသည် ။
ကားရပ်သွားတော့ အပြေး ရောက်လာတဲ့Hyuckieက
YOU ARE READING
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Fanfictionချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?