“ လက်ထပ်တော့မှာကို ဂုဏ်ပြုပါတယ် ”
“ ဗျာ ! ကျေးဇူး..တင်ပါတယ် ”
Donghyuckဒီလိုစကားမျိုးပြန်ပြောနေရတာ တစ်မနက်ထဲမှာပဲ အခါနှစ်ဆယ်လောက်ရှိနေပြီ ။
ရှယ်ယာရှင်ပုံမှန်အစည်းအဝေးမှာ ဒီသတင်းကလူပြောအများဆုံးသတင်းကြီးလို ...တရားခံကိုမျက်လုံးဝေ့ကြည့်မိတော့ ထုံးစံအတိုင်းဆွေးမြည့်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတာတန်းတိုးသည် ။
Donghyuck ဆတ်ခနဲအကြည့်ပြန်လွှဲရင်းနဲ့ဖိုင်တွေကိုသာလှန်လှောကြည့်နေလိုက်သည် ။ဒီလောက်အထိဖြစ်သွားအောင် သူပဲမွှေထားပြီးတော့ ...!
<<<<<
လက်ထပ်မယ်ပြောပစ်ခဲ့တဲ့ညက နောက်ကျနေပြီမို့နှစ်ယောက်သား ရုံးမှာသာအိပ်လိုက်ကြသည်
မနက်ရောက်တော့ Hyuckieဆီအမူးပြေဟင်းရည်လာပို့သည့်မာမီနှင့်Lee Markတန်းတိုးတော့သည် ။အနည်းငယ်ပျက်ယွင်းချင်သွားတဲ့မျက်နှာကိုအချိန်မီပြန်ထိန်းလိုက်ပြီး Hyuckieမာမီကပြုံးပြသည် ။
“ ဆ.. ဆရာကတော် ”
“ ကြည့်ရတာသားက ညနက်တဲ့အထိအလုပ်တွေခိုင်းတယ်ထင်တယ် ”
“ ဟုတ်.. အဲ အဲ့လိုမဟုတ် ”
Lee Markစကားတွေထစ်အနေပေမယ့် Hyuckieမာမီကတော့တည်ငြိမ်စွာ ။
“ မောင်ရင်နဲ့စကားခဏလောက်ပြောချင်တယ် ရမလား..? ”
“ ဟုတ်ကဲ့ခင်ဗျ.. ရပါတယ် ”
Hyuckieမာမီကပြတင်းမှန်တွေရှိတဲ့ဘက်လျှောက်သွားတာမို့ Lee Markလိုက်သွားမိသည် ။
ခေတ္တခဏအပြင်ကိုငေးကြည့်နေကာ Hyuckieအိပ်နေသည့်ဆီတချက်လှမ်းကြည့်ပြီးနောက် စကားဆက်သည် ။
“ သားကအငယ်လေးတွေအရမ်းလိုချင်ခဲ့တာ... ငယ်ငယ်တုန်းကဆိုတဂျီဂျီပူဆာတတ်တယ် ။ တခြားကလေးတွေသူတို့မွေးချင်းတွေနဲ့ဆော့နေတာမြင်ရင် ငေးနေတတ်တဲ့သားကိုမြင်ပါရက်နဲ့အဲ့ဒီဆန္ဒကိုတမင်မဖြည့်ဆည်းပေးခဲ့တာ ဘာကြောင့်လဲသိလား ”
“ ..... ”
“ သားအပေါ်ထားတဲ့အချစ်တွေ၊မေတ္တာတွေ ပြီးတော့ဂရုစိုက်မှုတွေ အားလုံးကိုသားတယောက်တည်းကိုပဲလုံလံလောက်လောက်ရစေချင်လို့ပဲ ၊ အဲ့လောက်ထိ Hyuckieအပေါ်တွေးခဲ့ကြတယ် သိပ်ချစ်တာကိုး.... ”
YOU ARE READING
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Fanficချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?