( final )

658 57 3
                                    






....


















“ သူတို့အဆင်ပြေ‌မှာပါနော် ”

“ ဒါပေါ့ ၊ ဖိတ်စာကကိုယ်တို့ထက်တောင်မြန်လောက်တယ် ”

“ ဘာဖိတ်စာ... ၊ အာ ဘာတွေပြောနေတာလဲ ”

လေနုနုတွေဖြတ်ပြေးနေတဲ့မျက်နှာကJenoစကားကြောင့် ပန်းနုရောင်ပါသန်းလာသည် ။
အတူနေလာတဲ့နှစ်တွေကြာနေပေမယ့် ဒီလိုစကားနဲ့အစခံရတိုင်း RenJunဖြစ်လေ့ရှိတဲ့အမူအယာကပြောင်းလဲမသွား ၊ ဒါကိုအစအဆုံးလိုက်ကြည့်တတ်တဲ့Jenoအတွက်လည်းရိုးအီပုံမရ ။

“ အချစ်လက်‌ကလေးတွေအေးနေပြီ ကိုယ်တို့ပြန်ကြတော့မလားဟင် ”

“ ငါတို့ဘာမှမ၀ယ်ရသေးဘူးလေ ”

“ အာ ဟုတ်ပါရဲ့.... ချစ်သူလေးအနားမှာရှိနေရတော့ အချိန်တွေတောင်မေ့တယ် ”

“ အပိုတွေပြောမနေနဲ့ ”

အပြုံးတွေထပ်တူညီနေတဲ့မနက်ခင်းလေး ။ တယောက်လက်တယောက်ဆုပ်ကိုင်ရင်း ပန်းခြံထဲပတ်နေတာ သုံးပတ်ရှိပြီ ။

“ ဟိုရှေ့မှာ ခဏထိုင်ရအောင် ”

“ Yeh! ငါတို့လိုအပ်တာတွေ၀ယ်ဖို့ ဈေးလာတာနော် အဲ့တာနဲ့နေ့လယ်ရောက်တော့မယ် ”

တကယ်လည်းခဏနေ နေပူတော့မှာမို့ပြောလိုက်ပေမယ့် အမူအရာပြောင်းသွားတဲ့Jenoကြောင့် အချိန်မီလှမ်းပြောလိုက်သော်လည်းမမီတော့ ။

ဧကန္တ ...။

“ RenJunnie ကမကြိုက်ဘူးလား ~ ”

“ အာ ထပ်ပြီး ! ”

RenJunနဖူးကြောတွေပါဖိကိုင်လိုက်မိသည်။

“ နိုနိုက ...”

“ မလုပ်နဲ့လို့ ၊ ထိုင်မယ် ထိုင်ရင်ရပြီမလား ”

“ ဟီးဟီး ”

RenJunလုံး၀သည်းမခံနိုင်တဲ့အယ်ဂယိုလုပ်ပြပြီးစတာလည်း Jenoအတွက်အကျင့်လိုတောင်ဖြစ်နေပြီ

အဟာရပြည့်အောင်စားဖို့ငြင်းဆန်တာဖြစ်ဖြစ် ဆေးသောက်ဖို့ငြင်းဆန်တာဖြစ်ဖြစ် Jenoဒါနဲ့ပဲကိုင်ပေါက်တော့၏ ။

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now