508 54 8
                                    









“ ငါတို့RenJunnie !! ”

စူးခနဲထွက်လာတဲ့အသံစာစာလေးကြောင့် Lee Markပြုံးမိလိုက်သည် ။
မနက်ကတည်းကတက်ကြွနေတာ ဒါကြောင့်ကိုး ။
သူ့အချစ်ကလေးကဖုန်းဆက်မယ်ပြောထား၍လားမသိ ဖုန်းလာတာနဲ့အလင်းထက်မြန်တဲ့အရှိန်နဲ့ပြေးသွားတာများ ။

“ လွမ်းနေတာ ငါတို့အချစ်လေး ”

ဒုတိယအကြိမ်မြောက်ထပ်ပြုံးမိလိုက်ပါ၏ ။ InJunဖုန်းဆက်တိုင်း Hyuckieကချည်းအလွမ်းသယ်နေတတ်ပြီး အချစ်လေးဆိုတာကိုပါးစပ်ကနေမချတော့။

“ ဟုတ်တာပေါ့ လာမယ်ပြောထားပြီးကြာနေတော့ RenJunnieကလွမ်းနေပြီပေါ့ ၊ ဒီမှာကိုကိုလေ ကုမ္ပဏီအလုပ်တွေလက်စသတ်နေတာမပြီးသေးဘူးဆိုလို့  ”

ဖုန်းပြောရင်းနဲ့ကိုယ့်ဘက်လှည့်ကြည့်ပြီး မျက်စောင်းပါလှမ်းထ်ိုးတာမို့ Lee Markယောင်ပြီး သွားဖြဲပြလိုက်မိသည်
မသိရင် ကိုယ်ကပဲသူတို့ချစ်ခြင်းကိုခွဲထားသလို ...

“ ကိုကို ကုမ္ပဏီသွားတော့မယ်နော်Hyuckie ”

“ ဟုတ်ကိုကို  ကောင်းကောင်းသွားပြီးပြန်လာခဲ့ပါ .. ၊  အဲ့တာပြောတာ မင်းပဲစဉ်းစားကြည့် ”

နေ့ချင်းညချင်း အမျိုးသားဆီကပလစ်ခံလိုက်ရတာမို့ Lee markအီလည်လည်ဖြစ်သွားပြီး နောက်တခေါက်ပြန်ပြောဖြစ်သည် ။

“ Hyuckie.. ကိုကိုသွားတော့မယ်လို့ ”

“ ဟုတ်လို့ တာ့တာကိုကို ညနေကျတွေ့မယ်နော် ၊ RenJunnieကအိပ်ချင်နေပြီလား ၊ အင်းပေါ့ ဟိုမှာညဘက်ရောက်နေပြီကို ”

အာရုံကဟိုဘက်လုံး၀ရောက်နေတော့ Lee Markနောက်တခေါက်ထပ်မပြောဖြစ်တော့ပဲ အိမ်ကထွက်လာခဲ့သည် ။








......

“ ကိုကို ကျွန်တော်ထမင်းဘူးလာပို့တယ်နော် ”

“ အင်း... အဲ့မှာထားခဲ့လိုက် Hyuckie ”

“ ကိုကိုနေမကောင်းဘူးလား ”

အသံကတမျိုးဖြစ်နေတာမို့နဖူးကိုသွားစမ်းကြည့်တော့ ငြိမ်ခံနေသည် ဘာစကားမှတော့မပြော
ကိုကိုအလုပ်တွေရှုပ်နေတာမို့ နေမှာပါဆိုပြီးသူလည်းအမှုမဲ့ အမှတ်မဲ့
မကြာခင်Jenoတို့ဆီသွားလည်ရမယ့်အကြောင်းတွေးမိပြီး စိတ်ကလေးပျော်နေတာမို့ ဘာမှတော့စိတ်ထဲသိပ်မထားမိ ။ ကိုကို့ကိုထမင်းသေချာစားဖို့မှာခဲ့ပြီးနောက် အိမ်ကိုသာပြန်လာခဲ့သည် ။

🎉 You've finished reading 𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed ) 🎉
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now