( 11 )

607 73 5
                                    

( 𝚃𝚑𝚒𝚜 𝚙𝚊𝚛𝚝 𝚒𝚜 17+ ~ )



“ ဒီဟာမကြိုက်ဘူး!! ”

“ ဒါကတအားအရောင်နုတယ်လေ မာမီရဲ့ ”

“ ဒါကကျတအားကလေးဆန်လွန်းတယ် ”

“ ဒါလည်းမကြိုက်ဘူး ”

“ DongHyuck!! ..တစ်ည‌နေလုံးရွေးနေတဲ့အ၀တ်အစားတွေကဘေးမှာကြည့်စမ်း တောင်ပုံရာပုံ‌ဖြစ်နေပြီ ”

မာမီ့မျက်စောင်းနဲ့တိုးမှDonghyuckဇက်ကလေးပုသွားရသည် ။
မာမီပြောလည်းပြောချင်စရာပင် ။
ဒယ်ဒီတို့ညနေတက်မယ့်Dinnerပွဲကိုကိုကိုလည်းလာမှာဟု ကြားထားသောကြောင့်သူဒီလောက်အထိအလုပ်ရှုပ်နေရတာ ။

“ နည်းနည်းပဲထပ်ရွေးမယ်လေ နော် မာမီ ”

“ တကတည်း မိုးလင်းထဲကဘာအစားမှားလာသလဲမသိဘူး ခါတိုင်းလိုnonoနဲ့မနေခဲ့တော့ဘူးလား အရင်တုန်းကတော့ လူတွေအများကြီးနဲ့အာရုံနောက်လို့ဆို ”

“ အရင်ကအရင်ကလေ မာမီရဲ့ အခုလိုက်ချင်လို့ပါဆို ”

“ လိုက်ချင်တယ်ဆို မြန်မြန်လေးလုပ် ကြာနေရင် မင်းဒယ်ဒီကထားခဲ့မှာ ”

“ ဟုတ်! ဟုတ်! ”

နောက်ဆုံးတော့အမည်းကိုမှအဖြူကွတ်ကလေးတွေပါတဲ့ Shirtတထည်ကိုအမြန်ရွေးလိုက်ရသည် ။
မဟုတ်ရင် မာမီ့ဆီကတဗျစ်တောက်တောက်ဆူတာကိုခံရတော့မှာ ။

“ သားအမိတွေပြီးကြပြီလား ”

“ ပြီးပြီအစ်ကို အစ်ကို့သားကိုသာမေးကြည့်ပါဦး  သူကပွဲရှင်ကျနေတာပဲ အလုပ်တွေရှုပ်နေလိုက်တာ ”

“ ပြီးပါပြီ မာမီရဲ့ ”

“ ဟာ! ဒယ်ဒီ့ရဲ့မင်းသားလေး ဒီနေ့တယ်ချောနေပါ့လား ”

“ ဒယ်ဒီ့သားပဲလေ ”

“ ဟားဟား ဟုတ်ပါပြီ သွားကြမယ်လေမိန်းမ ”

ဘယ်လောက်အရေးကြီးတဲ့ပုဂ္ဂိုလ်ရဲ့ပွဲမှန်းတော့မသိပါ ။

တန်ဖိုးကြီးပေ့ဆိုတဲ့အဆောင်အယောင်တွေနှင့် ပွဲတက်သူတွေကမနည်း ။

မိန်းကလေးချောချောလေးတွေ၊မော်ဒယ်လ်တွေ၊နာမည်ကြီးရှပ်ရှင်မင်းသမီးတွေကို သူစိတ်မ၀င်စားအား ။
သူရှာနေတဲ့တစ်ဦးတည်းသောသူကမှ ရောက်မလာသေးတာ။

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now