part 2

7.9K 480 1
                                    

"သမီးရေ ကြီးကြီးဝင်ခဲ့မယ်နော် "

"ဟုတ်ကဲ့ ကြီးကြီးလာလေ " ရေချိုးခေါင်းလျော်ပြီး၍ ဆံပင်ခြောက်အောင်သုတ်နေရင်း လှမ်းပြောလိုက်သည်

"ဒီမှာ ထမင်းမစားခင် သောက်ဖို့ အအေးလေး သောက်လိုက်ဦး "

"ဟုတ် ကျေးဇူးပါကြီးကြီးရယ် ကြီးကြီးသာမရှိရင်သမီးတော့မတွေးရဲဘူး " ‌ဟု ပြောနေသည့် ဒေါ်ခွန်းခက်ခြယ်ကို ကြီးကြီး သက်ပြင်းချရင်းကြည့်နေလိုက်သည်

"ကြီးကြီး သမီးကိုပြောစရာများရှိလို့လား "

ကြီးကြီးပုံစံက တခုခုပြောချင်နေမှန်းအရမ်းသိသာသည်မဟုတ်လား လုပ်ငန်းကြီးလုပ်ကိုင်နေသူအဖို့တော့ မျက်နှာရိပ်မျက်နှာကဲခတ်သည့်နေရာမှာ ရှယ်ကျွမ်းပေါ့

"ပြောစရာရှိတယ်ဆိုတာထက် ပြောသင့်လို့ပါ သမီးအိမ်ထောင်မပြုဘူးလား ဘယ်အချိန်ထိ တယောက်ထဲနေနေမှာလဲ သမီး ကြီးကြီးက သမီးအနားမှာတသက်လုံးနေမယ်လို့ပြောလို့မရဘူး အခုသေချင်သေသွားနိုင်တယ်လေ "

"ကြီးကြီးပြောတာ နားလည်ပါတယ် ဒါပေမဲ့ ...."

ခေါင်းသုတ်ရင်းခြောက်သွားတော့ ကုတင်ပေါ်ထိုင်နေသည့် ကြီးကြီးနား သွားထိုင်ရင်း

"ဒါပေမဲ့ အိမ်ထောင်တော့မပြုချင်ဘူးကြီးကြီး သမီးအလုပ်တွေနဲ့တောင်သမီးမအားတာ အဲ့အတွက်အချိန်မပေးနိုင်ဘူး အိမ်ထောင်ပြုလိုက်တယ်ပဲထား ဘယ်ယောကျာ်းမဆိုမိန်းမရဲ့အပြုအစုတော့ခံချင်ကြတာပဲလေ အဲ့လိုမျိုးကို သမီးမလုပ်နိုင်ဘူး တယောက်ထဲလည်းအဆင်ပြေပါတယ် ကြီးကြီး "

"သမီးအဆင်ပြေရင်ပြီးတာပါပဲ ကြီးကြီးက သမီးတယောက်ထဲပင်ပန်းနေတာမကြည့်ရက်လို့ပါကွယ် ကဲကဲ ပြီးရင်ဆင်းလာခဲ့ ထမင်းပြင်ပြီးပြီ "

"ဟုတ်ကဲ့ပါ ကြီးကြီး "

ကြီးကြီးပေးခဲ့တဲ့ အအေးကိုသောက်ရင်း ဘဝရဲ့ပျော်ရွှင်မှုဆိုတာ မရှိတဲ့သူ့ဘဝကြီးကိုသူသနားမိသည် ဒါပေမဲ့လည်း သူ့ဘဝအကျိုးပေးမလား

......

"ဟယ် လန်း နင်ငါ့ဆီလာတာလား " ခြံဝန်းထဲမှာ လေဖြတ်ထားသည့်အဖေကို ထမင်းကျွေးနေရင်း သာယာလှမ်းပြောလိုက်သည်

ချစ်သော (completed)Where stories live. Discover now