part 19

6.4K 409 7
                                    

"ခက် အိပ်စေချင်ရင်အိပ်ပေးပါ့မယ် "

"အဲ့တာကြောင့် မောင့် ကိုချစ်နေရတာ ဟီးးး"

ကုတင်နောက်ကျောကို မှီထားတဲ့ လန်းရဲ့ ရင်ခွင်ထဲက ဒေါ်ခွန်းခက်ခြယ် ညှင်သာနူးညံ့တဲ့လက်ကလေးများဖြင့် လန်းရဲ့ မျက်နှာတလျောက် လည်ပင်းတလျောက် ရင်ဘတ်များ သို့ ရွေ့လျားနေသည်

"အင်း.... မောင့်ကို အရမ်းလွမ်းနေတာ သိရဲ့လား"

"ဒီကလည်းအရမ်းလွမ်းနေတာပါ ခက်ရဲ့ ...."

"မယုံပါဘူးကွယ်...ရုံးမှာ ဘယ်ကောင်မလေးတွေနဲ့ကြည်နူးနေ‌ေသးလဲ ပြော "

"အမယ် မကြည်နူးပါဘူးနော် ကြည်နူးချင်တာတောင်အချိန်မရှိဘူးအလုပ်တွေလုပ်နေရတာ "

"ဘာရယ် ကြည်နူးဖို့တော့စိတ်ကူးသေးတယ်လား ကဲဟယ် ကဲဟယ် "

ဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်သည်

"အား နာတယ် ခက်ရဲ့ "

"အို.. ဆောရီးကွယ် အရမ်းနာသွားလို့လား"

ပြောရင်းဗိုက်နားလေးကို လက်လေးနဲ့ခပ်ဖွဖွပွတ်ပေးလိုက်သည် လန်းက အန်တီ့လက်လေးကိုဆွဲယူရင်း ညှင်သာစွာ နမ်းလိုက်သည်

"......."

"ဘာဖြစ်လို့လဲမောင် သက်ပြင်းတွေချနေရော "

"ဘာမှမဟုတ်ပါဘူး ဦးတင်စိုးနဲ့...."

"လာပြန်ပြီ ဘာမှမဟုတ်ပါဘူးဆို ဒါပဲခေါင်းထဲရောက်မနေနဲ့ ခက်ကိုမယုံတာလား "

"ခက်ကိုယုံတယ် သူ့ကိုမယုံတာ မျက်လုံးတွေ သူ့မျက်လုံးတွေ ကို ကြောက်နေတယ်"

"ကွယ် ... စိုးရိမ်မနေပါနဲ့ မကြိုက်ဘူးဆိုရင် ခက် ဆင်ခြင်ပါ့မယ် နော် မတွေးနဲ့တော့နော် "

ပြောရင်း လန်းကို ဆွဲဖက်လိုက်ပြီး နူးညံ့တဲ့ နှုတ်ခမ်းလေးပေါ် သူ့နှုတ်ခမ်းလေးကိုတင်လိုက်သည် လန်းက လည်း ဒေါ်ခွန်းခက်ခြယ်ရဲ့ မျက်နှာလေးကိုကိုင်ပြီး အလိုက်သင့်ပြန်နမ်းနေသည် အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်‌းနေရာလွတ်မကျန်အောင် နှစ်သက်စွာ နမ်းရှိုက်နေသည် ဒေါ်ခွန်းခက်ခြယ် ရင်ခုန်သံတွေမမှန်တော့ အသက်ရှူသံတွေလည်းပြင်းလာပြီ အဲ့တာကြောင့် နှုတ်ခမ်းသိူ့အနမ်းပေးနေသည်ကို ရပ်လိုက်ရင်း ဒေါ်ခွန်းခက်ခြယ်ရဲ့လည်တိုင်နုနုလေးဆီ ဦးတည်လိုက်သည် အမှတ်ရာစွဲသွားအောင်တော့မလုပ် အန်တီက လူအများလေးစားရတဲ့သူဌေးတဦးမလား သူ့ကြောင့် အပြောခံရမှာမကြိုက်

***အင်း....‌ေမာင့် အနမ်းတွေက ခံစားလို့ကောင်းတယ်မောင် ရိုးမသွားဘူး ချစ်ရတဲ့သူနဲ့ဆိုရင် ဘဝကိုပုံပေးရဲတယ်မောင် ခက်ကို ခရီးအဆုံးထိခေါ်သွားမှာလား ***

သို့ပေမဲ့ မဟုတ် မောင်ကတော့ တန်ဖိုးထားသည် သူဘယ်လောက်ပေးပေးမယူပါ အဲ့တာကြောင့်လည်း ဒီကလေးကို အချစ်ပိုရသည်မလား

နမ်းတာရပ်လိုက်ပြီး အန်တီ့ကိုရင်ခွင်ထဲပြန်ထည့်ထားလိုက်သည်

"အိပ်ကြရအောင် မောင်...  ခက်ကို တညလုံးဖက်ပြီးအိပ်နိုင်မလား "

"သေချာတာပေါ့ ခက်ရယ် လာ "

ချစ်ရတဲ့သူရဲ့ရင်ခွင်ကအဲ့လောက်နွေးထွေးသည်လား အရာအားလုံးမေ့ပစ်ချင်ရလောက်အောင် မောင့် ကို ခြယ် ချစ်သည်

.....

"MD ဒီမှာ MD နာမည်နဲ့ စာတစောင်ရောက်နေတယ် "

"ထားခဲ့လိုက်နော် မသီတာ "

အလုပ်မအားသဖြင့် ပေါ့ပေါ့တန်တန်ပင်ပြောလိုက်သည်

အလုပ်တွေပြီးတော့ ခုံပေါ်အကြောဆန့်ရင်း မသီတာထားသွားတဲ့ မနက်ကစာအိတ်ကိုမြင်မိပြီး ဖွင့်ဖတ်ကြည့်မိသည်

ဘုရားဘုရား ဘာတွေလဲ မောင်က မောင်က ယောကျာ်းလေးတယောက်နဲ့စကားတွေပြောလို့ပြုံးလို့ရွှင်လို့ပါလား ရက်စွဲကိုကြည့်လိုက်တော့ သူဘန်ကောက်ရောက်နေသည့် အချိန်တွေပင်

မျက်ရည်များလည်လာပြီး ဘာမှမမြင်တော့ ပုံကို စလင်းဘတ်ထဲ သိမ်းထားလိုက်ရင်း မျက်ရည်များကို သုတ်လိုက်သည် ကုမ္ပဏီမလား လူအများမြင်နိုင်သည်လေ ဒီကိစ္စကအိမ်ရောက်မှမောင်နဲ့ရှင်းရမည်

....

"အန်တီ့အခန်းထဲ ခဏလာခဲ့ဦး လန်း "

ကြီးကြီးရှေ့တွင်မို့ အပြောအဆိုဆင်ခြင်ရသည်

"ဟုတ်ကဲ့ အန်တီ..."

"ဒါဘာတွေလဲ ... "

ဓာတ်ပုံများးကို ကြမ်းပြင်ပေါ်ပစ်ချရင်းမေးလိုက်သည်အန်တီပြောတာ လန်း နားမလည်ပါ ကြမ်းပြင်ပေါ်ကျသွားတဲ့ ဓာတ်ပုံတပုံကိုကောက်ကိုင်မိတော့မှ

"ဟင်...ဒါ ဒါ ... ဒါက ...."

ချစ်သော (completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ