ဆုံးဖြတ်ချက်တခုကိုချပြီး အခန်းတံခါးကို ဖွင့်လိုက်သည်
အခန်းတောင့်လေးမှာ ဒူးထောင်ပြီး ငိုနေသောကလေး အန်တီ့ရင်တွေနာကျင်လိုက်တာကလေးရယ် မငိုပါနဲ့
"ဟင် အန်တီ ..."
သူ့ကိုမြင်တော့ မျက်ရည်များကိုခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး အမြန်ထရပ်လိုက်သည်
"လန်း အခုချိန်ထိမအိပ်သေးဘဲ ဘာလုပ်နေလဲကွယ် "
"အဲ့တာဆို အန်တီကရော "
မဲ့ပြုံးလေးပြုံးရင်း ပြန်မေးလိုက်သည် အဲ့လိုမပြုံးပါနဲ့ကလေးရယ် အန်တီရင်ဘတ်တွေအောင့်တယ်
"အိပ်မပျော်လို့ပေါ့ .."
"အဲ့တာဆို အတူတူပဲပေါ့ အန်တီ ..."
စကားကိုခပ်ပြတ်ပြတ်ပြောရင်း ကုတင်ပေါ်သွားထိုင်နေလိုက်သည်
"စိတ်ဆိုးနေတာလား..."
"လန်းက အန်တီ့ကိုစိတ်ဆိုးပိုင်ခွင့်ရှိလို့လား အန်တီ သွားပါ မျှော်လင့်ချက်တွေလာမပေးပါနဲ့ "
"အန်တီတခုပြောမယ် အန်တီ့ကိုချစ်ရင် ပတ်ဝန်းကျင်ကပြောသံတွေလက်ခံနိုင်ရဲ့လား
လူတွေတမျိုးမြင်မှာရောသည်းခံနိုင်ရဲ့လား နောက်ဆုံး အန်တီ့ကိုတသက်လုံးချစ်နိုင်လို့လား""အန်တီ့ကိုချစ်ပြီဆိုထဲက ဒါတွေစဉ်းစားထာားတာပဲ လက်ခံနိုင်ရမှာပေါ့ နောက်ဆုံးတခုကတော့ နောက်ဘဝတွေရှိရင်တောင်ဆက်ချစ်မှာပါ ဒါပေမဲ့လေ အန်တီမချစ်နိုင်ရင်မချစ်ပါနဲ့ သနားချစ်ဆိုတာကြီးကို လန်း လက်မခံနိုင်ဘူး အန်တီ"
ကုတင်ပေါ်ထိုင်နေသည့် လန်း ဘေးနားဒေါ်ခွန်းခက်ခြယ်ဝင်ထိုင်လိုက်ပြီး လန်း လက်လေးကို အုပ်မိုးထားလိုက်သည်
"......"
"အန်တီ ဘာပြောမလို့လဲ "
တခုခုကိုပြောချင်သည့်မျက်နှာနှင့် လန်းကိုကြည့်နေသော ဒေါ်ခွန်းခက်ခြယ်
"အန်တီ မင်းကိုချစ်ပါတယ် ချစ်လို့လည်းချက်ချင်းအလုပ်ခန့်ခဲ့တာပေါ့ အနားမှာခေါ်ထားတာပဲကြည့်.."