part 4

7K 495 10
                                    

"ဟယ်လို ယာ ရေ ငါအလုပ်ရပြီဟဲ့ အလုပ်ရပြီ "

"ဟယ် နင့်ကိုချက်ချင်းခန့်လိုက်တာလား"

သာယာကြားထားသော‌ဒေါ်ခွန်းခက်ခြယ်ဆိုတာ အဲ့လိုလူစားမျိုးမဟုတ် လူတ‌ယောက်ကို နှစ်ရင်သုံးရက်လောက် အရင်လေ့လာပြီးမှအလုပ်ခန့်တတ်သည်မဟုတ်လား

"ဟုတ်တယ် ညနေက ငါ့ကို အမတယောက်ဖုန်းဆက်ပြောတယ် မနက်ဖြန်စဆင်းလို့ရပြီတဲ့ မနက် ၈နာရီအရောက်တဲ့ ၆နာရီရုံးဆင်းတဲ့ "

"ဝမ်းသာပါတယ်ဟယ် နင့်အတွက် ရုံးချိန်တိတိကျကျသွားနော် သူကစိတ်ကြီးတယ် "

"အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး ဒေါ်ခွန်းခက်ခြယ်က "

"ဒါနဲ့ နင်သူ့ကိုဘယ်လို‌ခေါ်ရမှာလဲ သူဌေးလား MD လား ဘယ်လိုလဲ "

"အော်အဲ့တာတော့ဘယ်သိဦးမလဲ ဟိုရောက်မှမေးကြည့်ရမှာပေါ့ "

"အေးပါ အေးပါ ငါ့သူငယ်ချင်းလေး ကံကောင်းပါစေ လစာထုတ်ရင်မုန့်ဝယ်ကျွေးနော် သဲတူံး"

"ကျွေးရမှာပေါ့ တဦးထဲသောသူငယ်ချင်း‌လေးကို ဖုန်းချလိုက်တော့မယ် မနက်အတွက်ပြင်ဆင်စရာလေးတွေပြင်လိုက်ဦးမယ် "

.......

"တီ တီ တီ " မနက် ၆နာရီခွဲနှိုးစက်ထားပြီး အလုပ်စတဲ့နေ့မှာနောက်မကျစေရန် နှိုးစက်သံကြားတာနဲ့ထလိုက်သည်

ထမင်းအိုးခလုတ်နှိပ်ရင်း ညနေကချက်ထားသည့်ဟင်းတွေကိုပြန်နွေးနေသည်

ဝေရာဝစ္စအကုန်လုပ်ပြီးတော့ ရုံးကသတ်မှတ်ပေးထားသည့် ဝတ်စုံကိုဝတ်ဆင်လိုက်သည်

ဝတ်စုံက စတိုင်ဘောင်းဘီအရှည် နဲ့ အပေါ်ကရှပ်အကျီအဖြူခပ်ပွပွ အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်း ဖြစ်သည့် လန်း တယောက်နဲ့တော့ ကြည့်ကောင်းနေလေသည် အဆောင်နှင့် ကုမ္ပဏီကနည်းနည်းလှမ်းသည် လိုင်းကားနဲ့ဆို နာရီဝက်လောက်တော့စီးရသည်

" ဟော ညမလေး လာပြီလား အမကစောင့်နေတာ အတွင်းရေးမှူးဆိုတော့ MD မရောက်ခင်ရောက်သင့်တယ်မလား "

အင်တာဗျုးဖြေတုန်းက အမပင် နာမည်မေးကြည့်တော့ သီတာတဲ့

"ဟုတ် အမ စောစောလာလိုက်တာ တော်ကြာ ပထမဆုံးနေ့မှာတင် အလုပ်ပြုတ်နေမှာစိုးလို့ ဟီး"

ချစ်သော (completed)Where stories live. Discover now