part 21

6.8K 442 10
                                    

"မသီတာ ဧည့်သည်ဆို"

"အောက်ထပ်ကကားပါကင်မှာစောင့်မယ်လို့ပြောတယ် "

"အော် ဟုတ်ကဲ့ "

ဘယ်လို ဧည့်သည်ကများကားပါကင်မှာစောင့်ခိုင်းပါလိမ့်

....

"ကျွန်တော် ဒီမှာပါ "

ဦးတင်စိုး

"ဘာကိစ္စရှိလို့ ကျွန်မကိုတွေ့ချင်တာလဲ "

"အော် ပြောစရာရှိလို့ပါ ကားထဲမှာပြောကြမလား အပြင်မှာဆို လူမြင်တယ်လေ "

cctv ကိုမေးငေါ့ပြရင်းပြောလိုက်သည်

....

"ပြော ဘာကိစ္စ..."

"ဒီလိုပါ မင်း နဲ့အပေးအယူတခုလုပ်ချင်လို့ "

"ဘာများလဲ..."

အပေးအယူတဲ့ အဲ့တာက သူ့အားနည်းချက်က ဦးတင်စိုးဆီမှာရှိနေတယ်ဆိုတာသေချာပြီပေါ့

"ဒီလိုပါ ဒေါ်ခွန်းခက်ခြယ်နဲ့လန်းအကြောင်းကို ကျွန်တော်အကုန်သိထားတယ် "

"အော် ...."

"မအံ့ဩဘူးလား ..."

"အံ့ဩစရာမှမရှိတာ အပေးအယူဆိုထဲက သိပါတယ် ဓာတ်ပုံကိစ္စလည်းရှင့်လက်ချက်ဆိုတာ ကျွန်မရိပ်မိပါတယ် သက်သေမရှိလို့ ..."

"အင်း မင်းက ထင်တာထက် ထက်မြတ်တဲ့မိန်းမပဲ ငါဆက်ပြောမယ် "

လန်းကခေတ်လူငယ်မလား ကားထဲရောက်ထဲက ဖုန်း record ကိုဖွင့်ထားလိုက်သည်

"အဲ့သတင်းသာဖြန့်လိုက်မယ်ဆိုရင် မင်းချစ်ရတဲ့မင်းအန်တီလည်းအရှက်ကွဲမယ် လူအများလည်းဝိုင်း‌ေပြာခံရမယ် ရှယ်ယာဈေးတွေလည်းကျမယ် နောက်ဆုံး ကုမ္ပဏီပါပိတ်လိုက်ရတဲ့အထိဖြစ်သွားလိမ့်မယ်.... "

"လိုချင်တာက......"

"ငါလိုချင်တာကဒေါ်ခွန်းခက်ခြယ်လေ မင်းကဝင်ရှုပ်နေတာကို..."

"မဆိုင်တာ ဦးတင်စိုးရယ် ရှင်က ယောကျာ်းဖြစ်ပြီး အန်တီ့ကိုရအောင်မယူနိုင်ဘူးမလား ဘာတွေဂျေဝင်နေတာလဲ"

"မင်းဆိုလိုတာက အဲ့သတင်းပျံ့သွားလည်းရတယ်လို့ပြောချင်တာလား ငါ ဖုန်းဆက်လိုက်တာနဲ့ ငါးမိနစ်အတွင်းပျံ့သွားလိမ့်မယ် မင်းစဉ်းစား..."

ချစ်သော (completed)Where stories live. Discover now