part 18

6.2K 424 8
                                    

"ဟယ်လို ယာ ‌ပြော "

"ညနေကျမုန့်သွားစားရအောင် ဟိုဘက်လမ်းမှာဆိုင်အသစ်ဖွင့်တယ်ကြားတယ် ငါဝယ်ကျွေးမယ် "

"အမယ် သူထိန်းမကြီးဝယ်ကျွေးတော့စားရမှာပေါ့ လာခဲ့မယ် "

....

"ဟဲ့ အရသာလေးမဆိုးဘူးနော် ကောင်းသားပဲ ဈေးလည်းသက်သာတယ် "

"အရသာ‌ကကောင်းပါတယ် ဈေးကတော့ အခုမှဖွင့်လို့သက်သာတာ နောက်ဆိုဈေးကြီးလိမ့်မယ် "

"နင်ဟာလေ ဘယ်တော့မှအကောင်းမမြင်ဘူး အဆိုးမြင်ဝါဒပဲ "

"လောကမှာ အန်တီ့လောက် ဘယ်အရာမှမကောင်းပါ "

"နှာဗူး ...."

"ဟာ လန်း တို့မုန့်လာစားကြတာလား "

သူတောင်းစားလေး တွေ့ပြန်ပြီ အနောက်ကနေလိုက်ချောင်းနေတာလားမသိဘူး

"အော်ဟုတ်ကဲ့ ဘာလာလုပ်တာလဲရှင့် "

"ကျွန်တော့အိမ်က ဒီလမ်းထဲမှာ‌လေ အမေက ဝယ်ခိုင်းလိုက်လို့ အဲ့တာ....."

"ဟုတ်ကဲ့ ဝယ်စရာရှိတာဝယ်နော် အားမနာနဲ့ "

အလိမ္မာနည်းနဲ့နှင်ထုတ်နေသည် သတောင်းစားလေးကလည်း ပြောခါမှ ထိုင်ခုံဆွဲပြီးထိုင်လိုက်သေးသည်

"တွေ့မှတော့ ကျွန်တော်မုန့်ကျွေးပါရစေ"

"ငြင်းပရစေရှင် သူဝယ်ကျွေးတာပါ "

သာယာ့ကို မျက်စာပစ်ပြရင်းပြောလိုက်သည်

"အော် ဟုတ်ကဲ့ အဲ့တာဆိုသွားလိုက်ပါဦးမယ် "

"နင်ဟယ် ဘယ်လိုပြောလိုက်တာလဲ အားနာစရာကြီး" .......

"အားမနာနိုင်ပါဘူး အားနာနေရင် နင်လိုက်ချော့လိုက်သွား"

"ကောင်မနော် ...."

၅ရက်လောက်ကြာတော့လုံးဝမမျှော်လင့်ထားတဲ့ သတင်းတခုက လန်းဆီရောက်လာသည် အင်း အဲ့သတင်းကလန်းအတွက်ကတော့ ပျော်တာပေါ့

သာယာနဲ့မာန် ချစ်သူတွေဖြစ်သွားကြသည်တဲ့

ဟိူနေ့ကမုန့်စားပြီး လန်း အရင်ပြန်သွားတော့ သာယာနဲ့ စကားဆက်ပြောနေသည်တဲ့ အဲ့မှာတင်ငြိသွားတာပဲဖြစ်မယ်

ချစ်သော (completed)Where stories live. Discover now