part 14

6.4K 414 6
                                    

အိမ်ပေါ်ထပ်ကနေ ဒေါ်ခွန်းခက်ခြယ်တို့နှစ်ယောက်ကို ကြည်နူးသည့်အပြုံးများဖြင့် ကြည့်နေသော ကြီးကြီးကိုတေ့ာ မမြင်ပေ

"အင်း ငါ့တူမလေး စိတ်ချမ်းသာရမဲ့အချိန်ရောက်ပြီထင်ပါတယ် "
....

ဒီနေ့က လန်း ရဲ့မွေးနေ့ မနက်စောစော ဘုရားရှိခိူး ကြီးကြီးကိုခွင့်တောင်းပြီး ဘုရားဆွမ်းကပ် ဘုန်းကြီးဆွမ်းလောင်း အကုန်လုပ်ပြီးပြီ အခုလည်း အန်တီနဲ့ မနက်စာအတူတူစားနေရင်း...

"လန်းရေ တို့သွားရအောင် ဒီနေ့အလုပ်နည်းနည်းရှုပ်လောက်မယ် "

"ဟုတ်ကဲ့ အန်တီ ကားအသင့်ပြင်ထားလိုက်မယ် အဆင်‌သင့်ဖြစ်ရင်ထွက်ခဲ့နော် "

** ဒီနေ့သူ့မွေးနေ့ဆိုတာ အန်တီမေ့နေပုံရသည် အင်းလေ အလုပ်တွေအများကြီးလုပ်နေရတဲ့သူက သူ့မွေးနေ့လေးကိုမမှတ်မိတာ မဆန်းပါဘူးလေ **

"လန်းရေ သွားမယ်လေ ဘာငိုင်နေတာလဲ "

ကားထဲကနေ လှမ်းအော်လိုက်သော ဒေါ်ခွန်းခက်ခြယ်ကြောင့် လန်း အသိစိတ်ဝင်သွားသည်

"အော် ဟုတ်ကဲ့ ဟုတ်ကဲ့ လာပြီ အတွေးများနေလို့ "

.....
လန်းကသူ့မွေးနေ့ကိုမေ့နေတာလို့ထင်ပေမဲ့ တကယ်ကျမဟုတ်ပေ

**ဒီနေ့က ကလေးမရဲ့ မွေးနေ့ပဲ အလုပ်တွေအကုန်ဖြတ်ထားဖို့မသီတာကို ဖုန်းဆက်လိုက်ဦးမှ **

"မသီတာ ဒီနေ့ တို့ အချိန်စာရင်းတွေအကုန်ဖြတ်လိုက် အရေးကြီးတာရှိလည်း နောက်နေ့ကိုချိန်းလိုက် "

"ဟုတ်ကဲ့ MD "

**သူအလုပ်စဝင်ကထဲက နေမကောင်းတာကလွဲရင် အကြောင်းမဲ့ အလုပ်ဖျက်တတ်တဲ့သူမဟုတ်တော့ အံ့ဩနေသည် **

.....

"မင်း ဘယ်ကိုမောင်းနေတာလဲ "

"ဟင် ရုံးလေ အန်တီရဲ့ "

"ဒီနေ့မင်းမွေးနေ့မဟုတ်ဘူးလား ဒီနေ့တနေ့လုံး တို့ မင်းနဲ့အတူရှိပေးမယ် "

"ဟင် အန်တီက လန်း မွေးနေ့ကိုမှတ်မိတယ်လား "

"မှတ်မိတာပေါ့ကွယ် အဖွားကြီးမဖြစ်သေးပါဘူး ကဲ ဘုရားကိုမောင်း ပြီးရင် နေ့ခင်းစာစားမယ် ပြီးရင်ရုပ်ရှင်ကြည့်မယ် ညစာစားပြီးမှအိမ်ပြန်မယ် "

ချစ်သော (completed)Where stories live. Discover now