part 20

6.7K 444 4
                                    

"မောင့်‌ပါးစပ်ကထွက်လာမဲ့ ဖြေရှင်းချက်တွေနားထောင်ချင်တယ်မောင် ဒီဓာတ်ပုံလေးကြောင့်မောင့်ကို စိတ်မပျက်ချင်ဘူး..."

အသက် 40 ကျော် ပီပီ အရာရာကို ပြသနာနဲ့မဖြေရှင်းတဲ့အန်တီ့ကိုချီးကျူးမိသည် သူသာဆိုအခုချိန် ပေါက်ကွဲနေမှာမလား

"ရှင်းပြပါ့မယ် သူ့နာမည်က မာန်တဲ့ ....... "

ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်ပြီး အန်တီ့ကိုလှမ်းကြည့်လိုက်မိသည် မျက်နှာက ယုံတဝက်မယုံတဝက်နှင့် ‌အင်းလေ သူသာဆိုလည်းယူံမှာမဟုတ်ဘူး

ပုံတွေက သာယာ မုန့်သွားမှာတုန်းက စကားပြောနေတာကိုရိုက်ထားတာမလား ရယ်ရယ်မောမော နှစ်ယောက်အတူတူဆိုတော့ အန်တီ အထင်လွဲလည်းလွဲစရာပင်

"မောင့်ကိုယုံပါတယ် အဲ့တာကြောင့်လည်း စိတ်ရှင်းအောင်အခုလိုမေးတာပေါ့ .... "

လန်းရဲ့ လက်ကလေးကိုကိုင်ထားပြီးဆိုလိုက်သည်

"ခက်ကိုကျေးဇူးတင်ပါတယ် မောင့်ကို နားလည်ပေးလို့ .... ဒါပေမဲ့ ဒီပုံတွေဘယ်သူပို့လိုက်တာလဲ .."

ဟုတ်သား ဓာတ်ပုံတွေရောက်ရောက်ချင်းတုန်းက ထူပူပြီး ပို့တဲ့နာမည်ကိုမဖတ်မိလိုက်

"မသိဘူးမောင်.... မဖတ်မိလိုက်ဘူး "

"အဲ့တာဆို မောင်တို့နှစ်ယောက်အကြောင်းကိုသိနေတဲ့သူပဲဖြစ်ရမယ် ... နောက်မို့ဆို ဒီလိုပုံတွေပို့စရာအကြောင်းမှမရှိတာ "

မောင်ပြောတာဟုတ်သည် ဒါဆို ဘယ်သူများဖြစ်နိုင်မလဲ တယောက်‌တော့စဉ်းစားမိပေမဲ့မဖြစ်နိုင်ပါ

"ထားလိုက်ပါ တကယ်မဟုတ်ရင် ဘာမှကြောက်စရာမလိုပါဘူး မောင်ရဲ့ ဟုတ်ပြီလား "

မျက်နှာလေးငုံ့ထားသော လန်း ကို မေးစေ့လေးကိုင်ပြီး ခေါင်းလေးငြိမ့်လျက်ပြုံးပြလိုက်သည်

"ခက်က မောင့်ကို တကယ်နားလည်ပေးနိုင်တဲ့အမျိူးသမီးပဲ မောင်ဆိုရင် အဲ့လိုစိတ်ထားနိုင်မှာမဟုတ်ဘူး ...."

"အဲ့တာ ခက်က မောင့်ကိုယုံလို့ပေါ့ နောက်မို့ဆို ပွဲကြမ်းပြီးပြီနော် ဘာမှတ်နေလဲ...."

ချစ်သော (completed)Where stories live. Discover now