part 12

6.4K 432 3
                                    

"လန်း‌ ရေ ကန်သာယာ ရုံးခွဲကို ဒီဖိုင်လေးသွားပို့ပေးပါဦး "

"ဟုတ်ကဲ့ အန်တီ "

...

" တီ တီ ဟာ ....."

အကြောင်းမှာ လမ်းအကွေ့တွင် စကိတ်စီးလာသည့်ကောင်လေးတယောက်ကို လန်း ကားနဲ့ဝင်တိုက်မလိုဖြစ်ခဲ့သည် ဘရိတ်ကိုအချိန်မှီတော့အုပ်လိုက်သည်

" အကို အဆင်ပြေရဲ့လားဟင် တောင်းပန်ပါတယ် လမ်းအကွေ့ဆိုတော့ မတွေ့လိုက်မိတာပါ ဆေးခန်းသွားမလားဟင် လိုက်ပို့ပေးပါ့မယ် ကားပေါ်တတ်ပါ "

"နေပါစေ ညမ ရပါတယ် အကိုလည်းမှားတာပဲ လမ်းအကွေ့ကို ကားမရှိဘူးအထင်နဲ့ စီးလာလိုက်တာ အကိုလည်းတောင်းပန်ပါတယ် "

"မဟုတ်တာ အကိုရယ် လာပါ လန်း ဆေးလိုက်ပြပေးပါ့မယ် ခြေထောက်ထောက်နိုင်ရဲ့လား "

"နာမည်က လန်းး တဲ့လား တလုံးထဲလား "

"ဟုတ် ဟုတ်ကဲ့ လန်း တလုံးထဲပါ ခြေထောက်သက်သာလားဟင် "

"အော် ခြေထောက်လား ဒီမှာလေ ဘာမှမဖြစ်ဘူး စိတ်မပူနဲ့ " ခြေထောက်ကိုဟိုဘက်ဒီဘက် ခါပြလိုက်ရင်းပြောလိုက်သည်

"ဟုတ်ကဲ့ အကို တခုခုလိုတာရှိရင် ညမကိုပြောပါနော် ဆေးခန်းပြတာတို့ဘာတို့ဆို ဆေးဖိုးညမပေးပါ့မယ် "

"အင်း အဲ့လိုဆို ဘယ်လိုဆက်သွယ်ရမလဲ ညမ"

"ဟုတ်သားပဲ ဒီမှာ လန်းရဲ့ ဖုန်းနံပါတ်နဲ့လိပ်စာပါ "

ကတ်တခုကိုထုတ်ပေးလိုက်ရင်းပြောလိုက်သည်

"အော် KKC ကုမ္ပဏီက ကို အဲ့ကုမ္ပဏီကိုကျွန်တော်သိပါတယ် "

"ဟုတ်ကဲ့ အဲ့တာဆို လန်း ကိုခွင့်ပြုပါဦး အလုပ်ကိစ္စလေးရှိသေးလို့ရှင့် "

"အော် ဟုတ်ပါပြီ ညမ အကို့ကို စိတ်မပူနဲ့နော် ဘာမှမဖြစ်ဘူး စိတ်ဖြောင့်ဖြောင့်သွားပါ "

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

လန်းလည်း ရုံးခွဲကို ပေးစရာရှိတာပေးပြီး အန်တီ့ ဆီပြန်လာလိုက်တော့သည်

"လန်း ကြာလှချည်လား တခုခုဖြစ်နေတာဆိုပြီးစိုးရိမ်နေတာ "

ချစ်သော (completed)Donde viven las historias. Descúbrelo ahora