part 5

7K 502 7
                                    

ဒေါ်ခွန်းခက်ခြယ်လည်း သူကြည့်နေတယ်လို့ထင်မှာစိုး၍ ဘောပင်လေးလှည့်ကာ တခုခုကိုစဉ်းစားဟန်ဖြင့် မျက်နှာလွှဲသွားသည်

**အော် မဟုတ်ပါဘူး ငါကလည်းကြောင်တောင်တောင် အန်တီက ငါ့ကိုဘာလို့ကြည့်ရမှာလဲ***

နေ့လည်စာစားချိန်တွင် လန်းတ‌ေယာ
းက် မသီတာတို့အဖွဲ့နှင့်အတူတူစားသည်

"အမတို့ ဟင်း‌ေတွထည့်စားကြနော် "

"အယ် လန်းရယ် ဘာထူးလို့လဲ တယောက်က ကြက်ဥကြော် တယောက်က ကြက်ဥချဉ်ဟင်း နောက်တယောက်ကကြက်ဥမွှေကြော် "

ရယ်ရင်း မသီတာပြောလိုက်သည်

"ဟီး နည်းနည်းတော့ အရသာလေးပြောင်းသွားမှာပါ အမရယ် "

"လန်း MD နဲ့ ဒီနေ့အလုပ်လုပ်ရတာအဆင်ပြေလား "

"ပြေပါတယ် အမ ညမဖြင့်ဘာမှလုပ်စရာမရှိလို့တောင်‌ပျင်းနေတာ အန်တီယူခိုင်းတာယူပေးလိုက် မိတ္ထူဆွဲလိုက်နဲ့ အဲ့တာပဲလုပ်နေရတယ် '

"အမလေး ညမရယ် ဒါအစမို့လို့ နောက်ပိုင်းဆို ညမလေးထွက်ပြေးမှာအမစိုးရိမ်တယ် "

"အန်တီကအဲ့လောက်လည်းမဟုတ်ပါဘူး သ‌ဘောကောင်းပါတယ် "

"ဟားဟား ဒေါ်ခွန်းခက်ခြယ်ကို သဘောကောင်းတယ်လို့ပြောတာ နင်တယောက်ပဲရှိတယ်ဟေ့"

ထမင်းစားနေရင်းမသီတာတိူ့အုပ်စု တဝေါဝေါရယ်လိုက်ကြသည်

**ဟုတ်တယ်လေ အန်တီကသဘောကောင်းပါတယ် ‌အမြဲဒေါသထွက်နေတဲ့သူတယောက်တော့မဟုတ်ပါဘူး ဒါပေမဲ့လူပဲလေ တခါတလေစိတ်ဆိုး ဘာညာတော့ရှိမှာပေါ့ လန်းဆို အလုပ်မဝင်ခင်က‌အရမ်းကြောက်နေတာ အခုမကြောက်ပါဘူး ** စိတ်ထဲကပြောနေလိုက်သည်

......

"ဘယ်လိုလဲ သူငယ်ချင်း အလုပ်အဆင်ပြေရဲ့လား "

ပထမဦးဆူံးနေ့ဆိုတော့အလုပ်ရှာပေးတဲ့ သူငယ်ချင်းကျေးဇူးရှင် သာယာကို မုန့်ဝယ်လာပေးရင်း

"ပြေပါတယ် နင်ကောင်းလို့ပါဟယ် နောက်မို့ဆို ခွက်ဆွဲရတော့မယ် "

"ဟားဟား နင်ကတော့လုပ်ပြီ ငါ့ဖို့တကူးတကမုန့်တွေဝယ်မလာပါနဲ့ နင်သုံးဖို့လည်းထားပါဦး "

ချစ်သော (completed)Wo Geschichten leben. Entdecke jetzt