part 24 (end )

14.3K 578 13
                                    

"သာယာရေ ငါ့ကိုရွေးပေးစမ်းပါဟယ် ဘာနဲ့လိုက်လဲဆိုတာ ခက်ရော ဘယ်ဟာလေးကြိုက်လဲ ခက် ကြိုက်တဲ့ဟာဝတ်နော်  "

"အမလေးကောင်မရယ် ပိုလွန်းတယ် ဘာပဲဝတ်ဝတ် အဓိကက အဓိကပဲ "

"ဟဲ့ စကားကိုဘယ်လိုတွေပြောနေတာလဲ ခက် ရှက်နေပြီ"

မဂ်လာပွဲနီးလာသည်နှင့်အမျှ ဝတ်စုံရွေးရတာနဲ့ လူတွေဖိတ်ဖို့နဲ့ အလုပ်ရှုပ်နေသည်
ဒီနေ့လည်းအကျီရွေးရန်ချိန်းထားသဖြင့် ...

"ရ ရပါတယ်ကွယ် ကြိုက်တာကိုအေးဆေးရွေးကြပါ.."  

မျက်နှာနီရဲပြီး ရှက်ပြုံးလေးနဲ့ပြောလာသောအန်တီ

"ဟီး သမီးကအဲ့လိုပဲပြောနေကျမို့လို့ပါ စိတ်မဆိူးနဲ့နော် အန်တီ ဒီကောင်မကြီးကလေ အန်တီနဲ့မှခြေငြိမ်သွားတာ ခပ်ရှုပ်ရှုပ်ရယ် "

"ဟုတ်လား..."

မျက်စောင်းထိုးပြီးကြည့်လာသော အန်တီ

"အဲ အတိတ်တွေပါကွာ အတိတ်တွေပါ... ထားလိုက်ပါ ဒါလေးကြိုက်လားဟင် ဝတ်ကြည့်ပါလား"

စိတ်ဆိုးမှာသိနေသောကြောင့် စကားလမ်းကြောင်းလွှဲလိုက်ရသည် စိတ်ထဲမှာတော့ သာယာကို ကျိန်ဆဲနေတာပေါ့

"ဒါလေးပဲရွေးလိုက်မယ်နော် မောင် ခက်ကအသက်ကြီးနေပြီ ရိုးရိုးလေးပဲယူလိုက်မယ်နော် "

ရိုးလည်းမျက်လုံးထဲမှာတကယ်လှပါတယ် ပုဇွန်ဆီရောင် fittingဂါဝန်‌ေလးနဲ့ကျက်သရေရှိစွာလှပနေသော အန်တီ

"‌လှတယ် ခက်ရဲ့ လှတယ်"

"မောင် ရော ရွေးလေ....အရောင်တူတော့ဝတ်နော် "

"ရပါတယ် မောင်က..."

"နင်ဖင်ပြောင်‌‌ေနလိုက်ပါလား " ပြောလာသူမှာ သာယာ

"ဟယ် ကောင်မရယ် ကျန်းကျန်း ကြောက်စရာကောင်းလိုက်တာ စိတ်ဓာတ်က ..."

ခက်ကိုလှမ်းကြည့်လိုက်တော့ တခွီတခွီနဲ့ သဘောတွေကျနေလေရဲ့

"ဟဲဟဲ စတာပါဟယ် နင်ကဒါလေးယူလိုက် အရောင်လည်းတူတယ် ပုံစံလည်းမသိမသာလေးတူတယ် "

"ဟုတ်တယ် မောင် အဲ့တာလေးပဲယူလိုက်တော့...ခက်ကြိုက်တယ် "

"သဘော သဘော ခက်သဘော..."

ချစ်သော (completed)Where stories live. Discover now