part 13

6.4K 430 4
                                    

အန်တီ အလုပ်ချည်းလုပ်မနေနဲ့  ခြံထဲလမ်းလျောက်ရအောင် အသီးလည်းခွဲထားတယ်  "

ညစာစားပြီးထဲက ဧည့်ခန်းကစားပွဲခုံပေါ်မှာတချက်မှမနားဘဲ အလုပ်လုပ်နေသော အန်တီ့ အနားသွားထိုင်ပြီးအသီးပန်းကန်ကို‌မြှောက်ပြရင်း
ပြောလိုက်သည်

"ခဏလေးပါ ဒါလေးပြီးရင်ပြီးပြီ ခဏပဲ "

"ပြီးရော "

နာရီဝက်လောက်စောင့်သော်လည်း အလုပ်ပြီးတဲ့ပုံမပေါ်သေးပါ  လန်းမှာ စိတ်ကောက်ချင်စပြုနေပြီ

"လန်း....."

အပြီးသတ်ဖို့လုပ်ရင်း လန်း ကိုမကြည့်ဘဲ ဒေါ်ခွန်းခက်ခြယ် ခေါ်လိုက်သည်

"......"

"လန်း လို့ အန်တီ ခေါ်နေတယ်လေကွာ "

"ဘာလဲ ပြော "

"ပြန်ထူးတဲ့အသံကြီးကလည်းကြောက်စရာကွယ် အလုပ်ပြီးပြီ လမ်းလျောက်ချင်တာမလား လာ "

"တော်ပါ အလုပ်ပဲ ဆက်လုပ်နေတော့ လန်းသွားအိပ်တော့မယ် "

ပြောရင်း ထမည်အလုပ် လက်တဖက်ကိုလှမ်းဆွဲလိုက်သည်

ပြောရင်း လန်း ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်သည်

"ဟွန်း ခွင့်လွှတ်ပေးလိုက်မယ် ဟိ"

... 

ကောင်းကင်ကြီးကလည်း လပြည့်ညမို့လို့လားမသိ ကြယ် တာရာ စုံလင်စွာဖြင့် မီးရောင်ပင်မလိုအောင် ထိန်ထိန်သာနေသည် လရောင်အောက်က ချစ်သူလိုလို ဘာလိုလို နှစ်ယောက်ကလည်း လက်ကလေးတွဲပြီး ခြံထဲက ဒန်းလေးပေါ်မှာထိုင်ရင်း စကားပြောနေကြသည်

"လန်း သီချင်းဆိုတတ်လား "

"သီချင်းလား ဆိုတတ်တာပေါ့ ငယ်ငယ်ကဆို မိုက်ခဲပဲ မိုက်ကိုင်လိုက်တာနဲ့ ခဲတွေကျလာရော ဟိဟိ "

"ကွယ် အကောင်းမေးနေတာကို "

"ဆိုတတ်ပါတယ် အန်တီကသီချင်းနားထောင်ချင်လို့လား ဂစ်တာနဲ့မှဆိုလို့ကောင်းမှာပေါ့ "

"ဖေဖေ့ဂစ်တာရှိတယ် ဆိုပြနော် အန်တီသွားယူလိုက်မယ် ခဏ"

ပြောရင်းဆိုရင်း ခန္တာကိုယ်တခုလုံးကို ယိမ်းပြီး အိမ်ထဲသို့ပြေးဝင်သွားသော အန်တီ လရောင်အောက်မှာ အချိူးအစားကျတဲ့ ခန္တာကိုယ်လေး ချစ်လိုက်တာ အန်တီရယ်

ချစ်သော (completed)Where stories live. Discover now