part 16

6.4K 440 7
                                    

ဒီနေ့အလုပ်ပိတ်ရက် အန်တီ့ကိုခွင့်တောင်းပြီး သာယာနဲ့မုန့်စား shopping ထွက်ခဲ့တယ်

"ဒီမှာ ဒီမှာ ညမလေး လန်း မလား "

နာမည်ခေါ်သံကြားလို့ အနောက်ကိုလှည့်ကြည့်လိုက်မိသည် ဟိုနေ့က အကို

"အော် ဟုတ်ကဲ့ ခြေထောက်ကောင်းသွားပြီလားရှင့် "

"ကောင်းပါတယ်ဗျာ အဲ့နေ့ထဲကဘာမှမဖြစ်တာကို"

"အော် ဟုတ်ကဲ့ "

"အလုပ်ပိတ်လို့ဈေးဝယ်လာကြတာလား
"
"ဟုတ်တယ်ရှင့် အဲ့တာဆို ခွင့်ပြုဦးနော် "

လှည့်ထွက်မည်အလုပ်

"နေပါဦးဗျာ ကျွန်တော်မုန့်လိုက်ကျွေးပါရစေ "

"ရပါတယ်ရှင် အားနာစရာကြီးမို့လို့ သွားလိုက်ပါဦးမယ် "

"အားမနာပါနဲ့ အချင်းချင်းတွေကို "

ငြင်းမရသည့်အဆုံး လိုက်သွားရသည်

"အကို ဒါက လန်းသူငယ်ချင်းပါ သာယာတဲ့
သာယာ ဒီအကိုက....."

ဟုတ်သား နာမည်အခုထိမသိသေး..

"အော် အကို့နာမည်က မင်းခိုင်ခံ့မာန်ပါ မာန်လို့ခေါ်လို့ရပါတယ် "

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် "

စားစရာရှိတာများလာချပေးသောကြောင့် ခပ်မြန်မြန်ပင်စားလိုက်သည် အန်တီ့ကိုစောစောပြန်လာမယ်လို့ပြောထားခဲ့သည်မလား

စားပြီးးသောက်ပြီး၍ နှုတ်ဆက်ရင်း အိမ်ပြန်လိုက်ကြသည်

.....

"အန်တီရေ အန်တီ..." ပြန်ထူးသံမကြား အိမ်အနှံ့လိုက်ရှာလိုက်တော့ တွေ့ပါပြီ အိမ်ဘေးကပန်းပင်နားမှာ ဆူပုပ်ပုပ်နဲ့ထိုင်နေတဲ့အန်တီ

"‌အန်တီ ပြန်လာပြီနော် "

"....."

"အန်တီ လို့ "

"ဘာလဲကွာ "

"စိတ်ဆိုးနေတာလားနည်းနည်းနောက်ကျသွားတယ် သိတဲ့အတိုင်းကားတွေပိတ်နေတာကို "

"နည်းနည်းနောက်ကျတာလား ရှင်နဲ့အတူတူထမင်းစားဖို့စောင့်နေတာလေ နာရီလည်းပြန်ကြည့်ဦး ၈နာရီထိုးနေပြီ "

ချစ်သော (completed)Where stories live. Discover now