part 8

6.5K 462 3
                                    

"အန်တီ ဒီနေ့ ညနေကျ dinner ဖိတ်ထားတာရှိတယ် သွားမလားရှင့် ".

"အင်း အန်တီမသွားချင်ရင်တောင် အန်တီ့လုပ်ငန်းအတွက်သွားရမယ် လန်း "

"ဟုတ် အဲ့တာဆို ပြင်ထားလိုက်မယ်နော် အကျီဆိုင်ကိုလည်းမှာလိုက်တော့မယ် "

"ဟုတ်ပြီ လန်း ၇နာရီလောက်သွားမယ် လန်း လိုက်ခဲ့ပေး "

"ဟုတ်ကဲ့ အန်တီ လိုက်ခဲ့ပါ့မယ် "

.......

"ဟယ် သမီးရယ် လှလိုက်တာ မြန်မာဆန်ဆန်ပဲဝတ်နေလို့လားမသိဘူး ဒီလိုလေးဆိုတော့လည်းတမျိုးလှနေတာပဲ "

အန်တီ့ကားကို ဖုံပြောင်နေအောင် သုတ်ရင်း အိမ်ထဲမှ ကြီးကြီးပြောတဲ့အသံကြောင့်လှမ်းကြည့်လိုက်မိသည်

အဖြူရောင် body fit dress အရှည်လေးကိုခန္ဓာကိုယ်နှင့်လိုက်ဖက်စွာဝတ်ဆင်ထားသည် အန်တီက ပိန်ပိန်ကပ်ကပ်မဟုတ် ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်တင်းတင်းရှိသည် ပြောရလျှင် စိုးမြတ်သူဇာ လိုအချိုးအစားပင် ဆံပင်ကိုတော့ ဒီတိုင်းချထားသည်
လည်ပင်းကတော့မသိမသာဟိုက်နေသည် ဒါတော့သဘောမကျ

"အမလေး ကြီးကြီးရယ် အချင်းချင်းကိုမြှောက်နေပြန်ပါပြီ ကျေးဇူးပါကြီးကြီး သွားလိုက်ဦးမယ်နော် "

အန်တီကားနားနောက်တော့ ကားတံခါးကိုဖွင့်ပေးလိုက်ပြီး လန်းလည်း ကားမောင်းသည့်နေရာမှာထိုင်လိုက်သည်

"လန်း ဘာဖစ်နေတာလဲ မျက်နှာကမသာမယာနဲ့ နေမကောင်းလို့လား "

"ကောင်းပါတယ် "

"ကြည့် ဘာမှမဖြစ်ဘူးသာပြောတယ် ပြောပုံက "

"တကယ်ဘာမှမဖြစ်ပါဘူး ဒီလိပ်စာအတိုင်းမောင်းရမှာမလား "

"အန်တီ့ကိုမကျေနပ်တာရှိရင်ပြောနော် အန်တီက အကြားအမြင်မရတော့ လန်းဘာဖစ်နေတယ်ဆိုတာ သိ‌မနေဘူး "

"ခက်ပြီ ဘာမှမဖြစ်ပါဘူးဆို ဟုတ်ပြီလား အဲ့တာဆိုသွားလို့ရပါပြီနော် အန်တီရှင့် "

မဲ့ကာရွဲ့ကာပြောလိုက်‌သော လန်း ကိုကြည့်ရင်း ပြုံးစိစိဖြင်နေသော ဒေါ်ခွန်းခက်ခြယ်

ချစ်သော (completed)Donde viven las historias. Descúbrelo ahora