အခန်း၄

14.6K 1.6K 31
                                    

မေတ္တာနှောင်ကြိုး
အခန်း၄

စာသင်ခန်းထဲမှ အခန်းအပြင်ကို ငေးကြည့်လိုက်သည်။
သစ်ရွက်ကလေးတွေက တဖြုတ်ဖြုတ်ကြွေနေပြီ။
လေကလည်း တဖြူးဖြူးနဲ့ တိုက်ခတ်နေပြီ။

ဟုတ်သား..စာမေးပွဲကဘာမှမလိုတော့ဘူးဘဲ။

ကြည့်နေတဲ့ နေရာမှာ ပေါ်လာတဲ့ ရောင်နီ။
ကျက်သရေအဖြာဖြာတုံးတဲ့ သူ့ကို ဒေါသတွေလည်းထွက်ပါသည်။

လိုက်ကာကို ချက်ချင်းပင်ဆွဲပိတ်လိုက်သည်။
ထို့နောက်တွင် ဘေးက လူမရှိတဲ့ခုံကို ကြည့်လိုက်သည်။
မနေ့က လပြည့်နေ့၊ မနေ့ညက လပြည့်ည ။.ဒါကြောင့် လပြည့်ကျော်တစ်ရက်နေ့မှာ သူရောက်လာရမှာမဟုတ်ဘူးလား။
မဟုတ်မှလွဲ ညကျမှ အိပ်မက်ထဲရောက်လာမှာလား။

စိတ်တွေမပျော်တာ သိသိသာသာကြီးပါလား။

''ဟူး...ရူးနေပြီ ငါက''

တိုးတိုးလေးပြောလိုက်တော့ သုတဦး က ဂျယ်လီပေတံနဲ့ ကျောကိုလာရိုက်သည်။

''ဖြန်း''

''အ!..''

မျက်ခုံးနှစ်ဖက်ကိုတွန့်နေအောင်ကြုတ်ကာ လှည့်ကြည့်လိုက်မှ..သုတဦးက သူ့လက်ထဲက ပေတံကိုပြန်ငုံ့ကြည့်သည်။

''အဲ ဆောတီး..ဆောတီး...ဟဲ...ကျောက်ကျောပေတံမှတ်လို့...''

''နင့် ဘ! ကျောက်ကျော''

ကျောက်ကျောပေတံဆိုတာက ရိုးရိုး ၁၂လက်မပေတံကို အဖြူနဲ့ အကြည် တစ်ဝက်စီပါတာကို ကျောက်ကျောလို့ခေါ်တာဖြစ်သည်။
မောင်သုတဦးရဲ့ ပေါက်ပေါက်ရှာရှာ ပေတံနာမည်တွေပေါ့ဗျာ။

''စိတ်မဆိုးပါနဲ့ တည်ကြည်လေးရာ။ ငါက နင့်ကို မုန့်စျေးတန်းခေါ်မလို့ဟာကို''

''တော်ပြီ မလိုက်တော့ဘူး''

ထိုအခါသုတဦးသည် ကျောက်ကျောပေတံနဲ့ ခေါင်းကို တစ်ဖက်ဖက်လာရိုက်ကာ..

''မရဘူး။ လိုက်ကိုလိုက်ရမှာ။''

ဒါတင်မကသေးဘဲ ရနံ့နဲ့ နွေးနွေးသည်လည်း ဇွတ်ဆွဲခေါ်တော့သည်။

''လာပါ တည်ကြည်ရာ။ လိုက်ခဲ့ပါ''

''တော်ကြပါတော့ မဆွဲပါနဲ့တော့ လက်မောင်းတွေလဲ ပြုတ်ထွက်ကုန်ပါတော့မယ်၊ ခန ပိုက်ဆံယူလိုက်အုံးမယ်''

Love Knot (Completed)Where stories live. Discover now