အခန်း၁၀

13.1K 1.3K 18
                                    

မေတ္တာနှောင်ကြိုး

အခန်း၁၀

''တည်ကြည်...''

ခပ်မာမာအသံဖြင့် လက်မောင်းကိုလာရိုက်သောကြောင့် ​ကြည့်လိုက်ရာ...သူငယ်ချင်း၃ယောက်စလုံးက စိုက်ကြည့်နေသည်။

''ဟေ..အေး...ပြောလေ''

''နင် ငါတို့ ပြောနေတာကို နားထောင်မနေဘူးမှတ်လား''

နွေးနွေး၏ အသံစူးစူးကြောင့် နားကို ပိတ်လိုက်ပါ၏။

''ဖြေးဖြေးအော်ပါဟ နွေးနွေးရ၊ ငါ ကိစ္စတစ်ခုကိုတွေးမိသွားလို့''

''ထင်တယ်...တည်ကြည်ရယ်..ငါတို့နဲ့ရှိနေချိန်မှာတော့ ငါတို့ပြောတာကိုစိတ်ဝင်စားစမ်းပါ''

ရုပ်ရှင်အကြောင်း...ကိုရီးယား.မင်းသား၊ တရုတ်က ရှောင်ကောကော တွေ စုံနေအောင်ပြောကြတာဘဲ။ မလိုက်မဖက်နဲ့ သုတဦး ကပါ စိတ်ဝင်စားတယ်လေ။
သူတို့ပြောနေတာတွေ နားမှ မလည်ဘဲ။
အဲ့ဒါကြောင့် နားမထောင်တာ အပြစ်မှ မဟုတ်တာ။

''ကဲ..ပြောပြော...ဘာလဲ''

''ကိုဝဏ္ဏမာန်ချီက ပါမလာဘူးလား''

ဘုရား။
သူများတွေ မင်္ဂလာဆောင်ထားလို့ သူငယ်ချင်းတွေကိုကျွေးမွေးတာ သူကဘာလို့ပါမှာပါလိမ့်။

''ပါစရာလားဟ''

''ဟဲ့ ပါစရာပေါ့။ နေပါအုံးနင်ကရော ဘာလို့ သူ့ညီနဲ့ ကြိုက်နေရာကနေ...သူနဲ့ယူဖြစ်သွားတာတုန်း''

ကိုင်း...ဟုတ်သား။... အမောင်တည်ကြည်ဆိုတာ...လင်နှစ်ယောက်ရနေတဲ့ အဖြစ်။

''အာ...သူနဲ့မကြိုက်ပါဘူး။ စာချုပ်ထဲမှာဘဲ သူ့နာမည်ထည့်ထားတာ၊ ငါနဲ့ အတူတူနေတဲ့လူက ကိုသုနွယ်ဂုဏ်ချီ ''

ထိုအခါ သုတဦးသည် ဖုန်းထဲက ရှောင်ကောကော ပုံတွေကြည့်နေရင်းကနေ...

''ဟယ်...လက်သွက်လိုက်တာဟယ်...ကြည့်စမ်း၊ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ တစ်ခါတည်းမင်္ဂလာဆောင်တာ''

သုတဦး၏ စကားကြောင့် ရနံ့ နှင့် နွေးနွေးသည်... တအံ့တသြနဲ့. ကြည့်ကာ....ပျော်နေတဲ့ပုံလိုလို...အထင်ကြီးနေသလိုလို...
သူတို့တွေ ဘာဖြစ်ချင်နေတာတုန်း။

Love Knot (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ