အခန်း ၂၀

13.1K 1.2K 72
                                    

မေတ္တနှောင်ကြိုး

အပိုင်း ၂၀

''တော်သေးတယ် မောင့်သား ကားမတိုက်တာ''

''သူ့ကိုယ်သူတော့ အတိုက်ခံပါ့မလား နွေးရယ်၊ နွေးသားက နွေးလိုဘဲ မူယာမာယာကများကများ''

''ဒါဆို မောင်က နွေးကို မူယာမာယာများတဲ့မိန်းမလို့ သတ်မှတ်တာလားပြော''

''မဟုတ်လို့လား။ မောင်သိတယ်နော် နွေးမောင့်ကို ဆေးခပ်တာ''

''မောင်''

နွေးနွေးသည် သူ့ယောက်ျားလက်မောင်းကို တဖြန်းဖြန်းရိုက်နေသည်။
သားဖြစ်သူ၏ လတ်တလောပျံ့နှံ့နေသော Videoကို ကြည့်ကာ လင်မယားနှစ်ယောက်သဘောတကျ ရယ်နေလိုက်ကြပုံများ သူတို့သားမဟုတ်တဲ့အတိုင်းပင်။

ထိုစဉ်သားဖြစ်သူသည် အိမ်အပေါ်ထပ်မှ ဧည့်ခန်းထဲကိုဆင်းလာကာ...ဖုန်းခေါ်နေသည်။

''ဟယ်လို...အတည်...ကျွန်တော် မနက်ဖြန်စာမေးပွဲဖြေရတော့မှာလေ''

.....အေး....

''အာ...အေးမနေနဲ့။ အတည်ဝယ်ပေးတဲ့ ဘောပင်ခဲတံ မဟုတ်ရင် မဖြေချင်ဘူး''

....ဝယ်ပြီးလာပို့မယ်နော်...ဟုတ်ပြီလား...

''ဟုတ်...အရမ်းချစ်ဗျာ....''

ထိုစကားများကိုနားထောင်ပြီးချိန်တွင် နွေးနွေးသည် သူ့ယောက်ျားဘက်ကိုလှည့်ကာ... ရင်ဘက်ကိုလက်နဲ့ အသာလေးထိလျက်...

...''အက်မက်မင်း ဟယ်...ဖြစ်ရတယ်''....

ဆိုကာ...တိုးတိုးသာသာပြောရင်း ရယ်လိုက်၏။

🔹🔹🔹

ဘောပင်ခဲတံများ ဝယ်ရင်း ဆီးသီးယို များပါဝယ်လာခဲ့သည်။
အခုတလော..စာမေးပွဲဖြေခါနီး နွေရောက်နေတော့...သူ့ကောင်လေးသည် ဂျစ်ကန်ကန်ဖြစ်နေသည်။

ဆီးယို ကျွေးရင်တော့ စိတ်ငြိမ်သွားနိုင်ကောင်းပါရဲ့။

အိမ်ကိုရောက်လာတော့ နွေးနွေးတို့လင်မယားရှိမနေပါ။
ကလေးတွေကလည်း အပြင်မှာစာကျက်နေတာ မြင်ခဲ့ပါသည်။

သို့ပေမယ့် သိုက်ဆက်နွယ် ကိုမမြင်မိတာကြောင့် အိမ်ထဲကိုဝင်လာခဲ့သည်။

Love Knot (Completed)Where stories live. Discover now