အခန်း၅

14.8K 1.6K 94
                                    

မေတ္တာနှောင်ကြိုး
အခန်း၅

တည်ကြည်ငြိမ်းချမ်းသည် ဘာမှ မရှိသောခုံလေးဘက်သို့ငေးကြည့်နေပြန်သည်။

သူရောက်မလာတာ တစ်လ နီးပါးရှိ ပြီဘဲ။

လပြည့်နေ့ကတည်းက ရောက်မလာတာ၊အခုဆိုရင် စာမေးပွဲတောင်သိပ်မကြာခင်ဖြေရတော့မည်။

ဒီခုံလေးလည်း ဒီအခန်းထဲကနေ ထုတ်ပစ်လိုက်ကြတော့မည်။

စာမေးပွဲအတွက် ကြိုပြီး ပြင်ဆင်ထားရတော့မှာမဟုတ်လား။

အရင်က ၁၂ထိုးတာနဲ့ တည်ငြိမ်၍မရ ဖြစ်နေတဲ့ ကျွန်တော်က အခုဆိုရင် ၁၂ထိုးမှာကိုပင်ကြောက်နေမိပြန်သည်။

ရာသီဥတုသည် အအေးပေါ့သွားပေမယ့် ညအချိန်တွင် အေးတုန်းပင်။

စာရေးခုံပေါ်တွင် လက်နှစ်ဖက်ကိုတင်ကာ နားကိုပိတ်လိုက်သည်။

ဘေးကအသံများတိတ်ဆိတ်သွားချိန်...
ကြားနေကျဖြစ်သော ခြူ သံလေးထွက်ပေါ်လာလေသည်။

ချွင်....ချွင်...ချွင်
ချွင်...ချွင်...

ရင်ထဲကခံစားရတာနဲ့အမျှ မျက်ရည်စက်ကလေး တစ်စက်သည် ခုံပေါ်သို့ ပေါက်ခနဲ့ ပြုတ်ကျသွားလေသည်။

...ကျွန်တော်...လွမ်းနေပြီဗျာ...

🔹🔹🔹

မေပယ်ရွက် လေးတစ်ရွက်ကို ကောက်ကာ ကိုင်လိုက်သည်။ ချမ်းလိုက်တာ ။
တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်သည် ခါတိုင်းနေ့တွေနဲ့မတူ။
ဒီ မေပယ် ပင်ကြီးဆီကို မရောက်တာတောင် ကြာပြီဘဲ။

....သူ...သူ ဒီ​ညလည်း မလာတော့ဘူးလား.....

အေးစက်ပြီး တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကြောင့် ကူရာမဲ့ ဖြစ်နေသလိုပင်။
လေတိုက်လိုက်တိုင်း ကြွေကျလာတဲ့ မေပယ်ရွက်တွေက ခြောက်ခြားဖွယ်ရာဖြစ်သည်။

ထိုစဥ်..

''တည်ကြည်ငြိမ်းချမ်း ''

ဆိုသော ကျွန်တော့်နာမည်ကိုခေါ်သံကြားလိုက်ရသည်။
တစ်ချိန်တည်းမှာပဲ....

...ချွင်...ချွင်...ချွင်...
ချွင်...ချွင်

အနောက်ကို လှည့်ကြည့်လိုက်ချိန်... မြူခိုးများကြားက အရိပ်သည် ထိုးထွက်လာသည်။

Love Knot (Completed)Where stories live. Discover now