အခန်း၂၆

10.8K 973 71
                                    

မေတ္တာနှောင်ကြိုး

အခန်း ၂၆

ကုတင်ပေါ်ဝယ် ကလေးနှစ်ယောက်ကို တည်ကြည်ငြိမ်းချမ်း ချော့မြူနေသည်။
သမီးက မငိုတော့ပေမယ့် သားသားကငိုတာမရပ်။

ဆီပုံး မ တာသူလေ။
ပိန္နဲသီးအစစ်နဲ့ရောင်းဖို့ စိတ်ကူးရတာလဲသူဘဲ။
စျေးထဲကို လမ်းညွှန်ခဲ့တာလဲသူဘဲမို့... သူ့Daddyက သူ့ကို တစ်ချက်ပိုရိုက်လိုက်တာကိုး။

''သားသား...တိတ်တော့လေ၊ အဲ့လိုကြီးငိုနေရင်ခေါင်းကိုက်လိမ့်မယ်''

''Daddyက သားကို ရောင်းစားပစ်မှာတဲ့...ဟီး...အီး...''

ပါးစပ်ကပြောရင်း ထပ်ပြီးငိုချပြန်သည်။

''ဟာ...မဟုတ်ပါဘူး ငါ့သားရာ၊ သားသားကို ဘာလို့ရောင်းစားမှာတုန်း..''

''ပိုက်ဆံလိုလို့နေမှာပေါ့''

''မလိုပါဘူး ငါ့သားရ၊ ပါးပါးတို့မှာ ပိုက်ဆံရှိသင့်သလောက်ရှိပါတယ်''

ကလေးတွေကို ဘယ်လောက်ပိုင်ဆိုင်ပါတယ်လို့ သင်မပေးသင့်တာကြောင့် မသေချာသလိုပြောလိုက်သည်။

''ရှိသင့်သလောက်ထက် လိုလို့နေမှာပေါ့''

''စိတ်ချ...ငါ့သားကိုမရောင်းဘူးနော်...တိတ်တော့...မင်းမရှက်ဘူးလား...ညီမလေးရှေ့ငိုနေတာ''

''သူအိပ်နေပြီ''

ဟုတ်သား။ မယ်မင်းကြီးမက နည်းနည်းမှ အစ်ကိုဖြစ်သူကို မချော့ဘူး...အိပ်တောင်အိပ်နေသေး။
ဒါပေမယ့် ညနေက သူ့အစ်ကိုငိုတော့ သူပါရောငိုသည်။

''မနက်ဖြန်ကျ သားဘာလိုချင်လဲပြော...ပါးပါး အကုန်ဝယ်ပေးမယ်လေ''

''ဟင့်အင်း လိုချင်ဘူး''...

''ဘာလို့တုန်းသားသားရ... ''

''ဟင့်အင်း..အဲ့ဒါဝယ်လိုက်လိုက် ပိုက်ဆံလိုရင် ရောင်းစားခံရမှာပေါ့....ဟင့်...အီး...''

ရောင်းစားခံရမယ့်အကြောင်းထပ်ပြောပြီးတစ်ခါထပ်ငိုပြန်သည်။

အကြောင်းမရှိအကြောင်းရှာပြီး ငိုတက်တာ...သူ့Daddyတူတာလား မပြောတက်ပါ။

''ကဲအိပ်တော့...သားသားကို Daddyရော ပါးပါးရောက အရမ်းချစ်တာလေ၊ ဘာလို့ရောင်းစားရမှာတုန်း''

Love Knot (Completed)Where stories live. Discover now