အခန်း ၂၇ (End)

24.4K 1.2K 72
                                    

မေတ္တာနှောင်ကြိုး

အပိုင်း ၂၇

''စားလို့ရပါပြီခင်ဗျာ''

အိမ်ရဲ့ ပင်တိုင်စံစားတော်ကဲကြီးက ချက်ထားသမျှတွေကိုလာချသည်။
ထိုအခါ တည်ကြည်ငြိမ်းချမ်း က ကလေးတွေဘက်က ဟင်းပွဲကို ခပ်လှမ်းလှမ်းဆွဲလိုက်ရင်း..

''ဒီဟင်းတွေက အစပ်များတယ်နော်...ပူလည်းပူတယ်''

ဘယ်သူ့ဆီကမှတော့ အသံထက်ပြီးထွက်မလာတော့။

ထမင်းစပြီးစားပါပြီဆိုကတည်းက မောင်ထက်ဘုန်းက ခွန်းတစ်ယောက်ကိုသာ...အသားလေးတွေ ရွေးထည့်ပေးလိုက်၊ တစ်ရှူးလေးယူပေးလိုက်နဲ့ အမှတ်တွေယူနေပုံများ...

ခွန်းဆိုသည်မှာလည်း ထက်ဘုန်းကလွဲရင် ဘယ်သူ့မှ အရေးလုပ်တဲ့လူမဟုတ်။
မြင်ယောင်ပါတယ်...အသက်တွေကြီးလာရင် ရန်တွေဖြစ်တော့မယ်ဆိုတာ။

''အတည်... အတည့်သားက မလွယ်ဘူး''

''အွန်း...မင်းလိုဘဲ''

တိုးတိုးလေးပြောရင်း သဘောကျစွာ...ရယ်လိုက်ပါသည်။

''စားကောင်းလား သားခွန်း...သမီးနှင်းရော''

''ဟုတ်...စားကောင်းတယ်ဦးဦး''

ပါးစပ်ထဲပလုပ်ပလောင်းနဲ့ ပြောနေကြပုံကချစ်စရာလေးတွေဖြစ်သည်။

..
....

ကလေးတွေ နေ့လယ်ခင်းအိပ်နေတုန်း ဧည့်ခန်းထဲထိုင်နေစဥ်

...ခြံတံခါးကခေါင်းလောင်းလေးမြည်နေတာမို့ သွားဖွင့်ဖို့ပြင်လိုက်စဥ်...ဖိုးသားက ဖွင့်နေတာကြောင့် ပြန်ထိုင်လိုက်သည်။

ဧည့်ခန်းထဲဝင်လာမှ...

''အာ..မခိုင်...ကလေးတွေက အိပ်နေတာဗျ''

''မနက်ဖြန် ကျောင်းဖွင့်မှာမို့ လာခေါ်ရတာပါ ငါ့မောင်ရယ်...''

''အိမ်က နှစ်ကောင်တော့ ဝမ်းနည်းနေတော့မှာဘဲ...ဟော......နိုးလာကြပြီထင်တယ်''

လှေကားကနေ ခြေသံတွေကြားလို့လှည့်ကြည့်လိုက်သည်။

''နိုးလာပါပြီ...ခွန်းနဲ့ နှင်းနှင်း... ဒီမှာ အန်တီခိုင် လာပြီ''

Love Knot (Completed)Where stories live. Discover now