အခန်း၉

13.4K 1.4K 42
                                    

မေတ္တာနှောင်ကြိုး

အခန်း၉

''အနွယ်...စက်ဘီးပေါ်တက်လေ''

မေမေထပ်ပြီးဝယ်ပေးထားတဲ့ စက်ဘီးအသစ်ပေါ်ကို တက်ခွရင်း လက်က ဘားတန်းကို ပုတ်​ပြ ကာ အနွယ့်ကိုခေါ်လိုက်သည်။

အရင်နေ့တွေကတည်းက ပစ္စည်းပစ္စယတွေကို အိမ်အသစ်သို့ရွှေ့ပေးထားခြင်းကြောင့် ဘာမှတော့သယ်စရာမလို။

တစ်ခါမှတော့မရောက်ဖူးသေးပေမယ့် ဒီနေ့ လက်မှတ်ထိုးပြီးပြီးချင်း အနွယ် နှင့်အတူတူ သွားခြင်းဖြစ်၏။

ချွင်...ချွင်...

ခြူ သံလေးများ မြည်လာကာ... အမွှေးရနံ့လေးများက နှာခေါင်းအနီးတွင် ရစ်သီသီ လုပ်နေသည်။
လက်နှစ်ဖက်စလုံးလွတ်ထားချိန် အနွယ်တက်လိုက်တာကြောင့် စက်ဘီးသည် ယိုင်သွားသည်။

''အမလေး...မြတ်စွာဘုရား..
...အနွယ်...အနွယ်ပြုတ်ကျသွားသေးလား''

စက်ဘီးကို ချက်ချင်းပြန်ထိန်းလိုက်သော်လည်း ယိုင်သွားတာမို့ စိတ်ပူသွားတာအမှန်။

ထိုအခါ အထိအတွေ့လေးတစ်ခုသည် နှာခေါင်းလေးအား ဖွဖွလေး လာဆွဲသည်။

''တော်သေးတာပေါ့ အနွယ်ရယ်...ကျွန်တော်ဖြင့်လန့်သွားတာဘဲ။ ကျွန်တော်နောက်ကို ပိုပြီးဂရုစိုက်မယ်နော်''

ချွင်...ချွင်...ချွင်...

''ကဲ...ကျွန်တော့်ရဲ့ အနွယ်လေးရေ....သေချာကိုင်ထားနော်...ကျွန်တော်မျိုး နင်းပါပြီခင်ဗျာ''

လေညှင်းများ တဖြူးဖြူးတိုက်ခတ်နေပြီး ခြူ သံလေးများသည်လည်း တချွင်ချွင်နှင့် ချစ်စရာကောင်းအောင်ကြားနေရသည်။

''မင်းတစ်ယောက်သာ ငါရဲ့...အမြဲမက်တဲ့ အိပ်မက်၊ 🎼🎼🎼🎼
အချစ်ရဲ့ခေါ်ဆောင်ရာ တရှိုက်မက်မက်နဲ့ မျှောလွင့်ရင်းသာ...ကမ္ဘာမြေပေါ်နေပျော်ခဲ့.......

..အနွယ်... ညကျရင် အနွယ့်အတွက် ကျွန်တော် လက်ဆောင်တစ်ခုလုပ်ထားတယ်သိလား၊ ကျွန်တော့်စိတ်ထဲ ဝင်မကြည့်နဲ့နော်၊ အနွယ့် ကို မသိစေချင်သေးဘူး''

သီချင်းဆိုရင်း တစ်ဝက်တစ်ပြတ်နဲ့ စကားပြောကာ ငြိမ်သွားပြန်သည်။

Love Knot (Completed)Wo Geschichten leben. Entdecke jetzt